Main menu

တောင်ငူခရိုင်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်အတူ (၄-၅-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာများ အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ပြဋ္ဌာန်းချက်များ၊ ဦးစီးဌာနမှ မြို့နယ်များတွင် စစ်ဆေးရေးအရာရှိများခန့်အပ်၍ ဈေးကွက်မရောက်မီကုန်စည်များနှင့် ဈေးကွက်အတွင်းရှိ ကုန်စည်များအား စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်းများကို အသိပညာပေးပြောကြားပါသည်။

       ထို့အတူ ယင်းနေ့နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ရှိ ဇေယျဝတီသောက်ရေသန့်စက်ရုံသို့သွားရောက်၍ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် ဖြူးမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ဦးစားပေးဖတ်ရှုသင့်သည့် ကုန်အညွှန်းအမှတ်အသားများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းပြောကြားပါသည်။

       ဟောပြောပွဲသို့ စက်ရုံပိုင်ရှင်နှင့် အလုပ်သမား ၁၀ဦးတက်ရောက်ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် စက်ရုံအတွင်း သောက်ရေသန့်ထုတ်လုပ်ပုံများကိုကြည့်ရှုပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် စက်ရုံပိုင်ရှင်နှင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)