တောင်ငူမြို့ရှိ ဆန်ဆိုင်များတွင် ယခင် ၂၀၂၃ခုနှစ်၊ ဧပြီလကုန်ပိုင်းက ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၉၅၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၈၈၀၀၀ကျပ်၊ ဒေသပေါ်ဆန်း ၈၀၀၀၀ကျပ်နှင့် ဧည့်မထမ ၆၀၀၀၀ကျပ်ရှိရာမှ ယခုမေလဆန်းပိုင်းတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ဖြင့် ၅၅၀၀၀ကျပ်ဈေးမြင့်တက်ခဲ့ပါသည်။ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၉၇၀၀၀ကျပ်၊ ဧည့်မထတစ်အိတ်လျှင် ၆၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၈၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
မြေပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၄၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းနေပါသည်။
ကြက်သွန်နီအသေးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အကြီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၂၂၅၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။
ကြက်သွန်ဖြူအသေးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၄၀၀ကျပ်မှ ယခုအပတ်တွင် ၄၅၀၀ကျပ်၊ အလတ်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၈၀၀ကျပ်မှ ယခုအပတ်တွင် ၅၀၀၀ကျပ်၊ အကြီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၄၂၀၀ကျပ်မှ ယခုအပတ်တွင် ၅၅၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ယခုအပတ်တွင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။
အာလူးအသေးတစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ ငရုတ်သီးခြောက်အပုတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ ငရုတ်သီးခြောက်အပွတစ်ပိသာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။
မြေပဲဆံအဖြူတစ်ပိဿာလျှင် ၇၄၀၀ကျပ်၊ မြေပဲဆံအနီတစ်ပိဿာလျှင် ၇၆၀၀ကျပ်ဖြင့် ဈေးနှုန်းကွာခြားချက်အနည်းငယ်သာရှိကြောင်းနှင့် အရောင်း အဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း တောင်ငူမြို့ရှိ အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရပါသည်။
DOCA(ပဲခူး)