Main menu

သောက်ရေသန့်စက်ရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

     ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကျောက်တော်မြို့ပေါ်ရှိ ရေသန့်ထုတ်လုပ်သောစက်ရုံ(၅)ရုံသို့သွားရောက်ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းသောကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဘူးပေါ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြစေရန်ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးလှမောင်(ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပြဋ္ဌာန်းချက်အရ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉အရ ကုန်စည်အုပ်စု(၈)မျိုး၏ ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိရှိစေရေး ရှင်းလင်းပြောကြားပြီး သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်လိုအပ်ခြင်း၊ အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်နိုင်ပါကြောင်း၊ ၎င်းအပြင် သက်ဆိုင်ရာအစိုးရဌာနများ၏ထောက်ခံချက်များရယူရန်လိုအပ်ကြောင်း၊ စက်ရုံပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အလုပ်သမားများ၏တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး၊ သောက်ရေသန့်ဘူးများသန့်ရှင်းမှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)