စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၈-၅-၂၀၂၃) ရက်နေ့တွင် ဘီလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(အ-လ-က)(ခွဲ)တွင်ဖွင့်လှစ်ကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောကျင်းပခဲ့ရာ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များအကြောင်း ရှင်းလင်းပြောကြားပြီးနောက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ရပ်တို့ကိုရှင်းလင်းကာ ဘေးအန္တရာယ်ကင်းသောကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားအကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်ခဲ့ပါကတိုင်ကြားနိုင်စေရန်၊ ဌာန၏ website၊ Facebook အကြောင်းများအား သိရှိစေရန် ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းသိန်းနှင့် ဆရာ/ဆရာမ(၃)ဦး၊ ကျောင်းသား/သူ(၅၃)ဦးတက်ရောက်ခဲ့၍ ဌာနက လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)