Main menu

ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ၁၃-၂-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှတဆင့် ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍  တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှ ၇-၁-၂၀၂၃ ရက်နေ့တွင် ညောင်ရွှေရုံးတွင် Waybill အမှတ် MS xxxxx  နံပါတ်ဖြင့် ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းမြို့နယ်နေ တိုင်ကြားသူ ထံသို့ Waybill ပါ အကြောင်းအရာတွင် ဘုရား ဆင်းတုဟု ဖော်ပြထားပြီး ပစ္စည်းတန်ဖိုး (Declared Value) ကို ဖော်ပြထားခြင်းမရှိဘဲ ပေးပို့ခဲ့ပါကြောင်း၊ ပါဆယ်ထုပ်သည် ရန်ကုန်မြို့သို့ ၈-၁-၂၀၂၃ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး တာဝန်ကျ ဝန်ထမ်းမှ အခြားပါဆယ်များနှင့်အတူ ပစ္စည်းပေးပို့နေစဉ်အတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်းရပ်ကွက်၊ ဇေယျသုခကွန်ဒိုအောက်တွင် ပစ္စည်း(၂)ခုအား နှိုက်ယူထွက်ပြေးခံရခြင်း ဖြစ်ပေါ်ခဲ့ရာ အဆိုပါ ပစ္စည်း(၂)ခုအတွင်း တိုင်ကြားသူ၏ ပါဆယ်ထုပ်ပါဝင်ပျောက်ဆုံးခဲ့ပါကြောင်း၊ ပျောက်ဆုံး မှုအတွက် ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှ ပေးပို့သူများအား အသိပေးကြေငြာထားသည့် စည်းကမ်းချက်အမှတ်စဉ်(၉)ပါအတိုင်း ချောစာထုတ်များ ပျက်ဆီးပျောက်ဆုံးမှုများအတွက် အများဆုံးလျော်ကြေးငွေ ကန့်သတ်ချက်အရ ငွေကျပ် ၂၅၀၀၀၀/- နှင့် တိုင် ကြားသူ၏ ပျက်ဆီးဆုံးရှုံးမှုအား စာနာသဘောပေါက်သည့်အတွက် ငွေကျပ် ၂၅၀၀၀၀/-၊ စုစုပေါင်း ငွေကျပ်  ၅၀၀၀၀၀/- အား ပေးလျော်သွားမည်ဖြစ်ပါကြောင်း တိုင်ကြားသူထံ အကြောင်းကြားခဲ့ရာ တိုင်ကြားသူမှ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူများရှေ့မှောက်တွင် လျော်ကြေးငွေအား လက်ခံလိုကြောင်း ‌အကြောင်းပြန်ကြားလာသဖြင့် ၂၆-၄-၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  တာဝန်ရှိသူများ ရှေ့မှောက်တွင် ငွေကျပ် ၅၀၀၀၀၀/- အားပေးအပ်ခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင် ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)