မွန်ပြည်နယ်၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို (၉-၅-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့၊ အ-ထ-က(ကျိုက်မရော)၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်။
Talk Show တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အတွင်း အလားအလာကောင်းသည့် ဒေသထွက်ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ တစ်နိုင်တစ်ပိုင်ကုန်ထုတ်စီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ၏ အားနည်းချက်၊ အားသားချက်များကိုသိရှိပြီး လိုအပ်သည့်ပံ့ပိုးကူညီမှုများကိုပြုလုပ်ပေးနိုင်ရန် ယခုကဲ့သို့ MSMEs Talk Show စကားဝိုင်းများကို မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မော်လမြိုင်တက္ကသိုလ်၊ သမိုင်းဌာနပါမောက္ခ ဒေါက်တာသိင်္ဂီနွယ်က Moderator အဖြစ်လည်းကောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်နိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်၊ ဧရာဝတီဘဏ်(မော်လမြိုင်)အထွေထွေမန်နေဂျာ ဦးဝင်းနိုင်ဦး၊ ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးခိုင်ဦးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)