Main menu

ဈေးနှုန်းဆက်လက်မြင့်တက်လာသော ငရုတ်သီးခြောက်ဈေးကွက်အခြေအနေ

Powered by Drupal

     ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်ငရုတ်သီးကို မိုးတွင်းနှင့် ဆောင်းတွင်းတွင်စိုက်ပျိုးကြပြီး လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေးရွာတို့တွင်အဓိကစိုက်ပျိုးလျက်ရှိသည့်အပြင် ငရုတ်သီးကို အခြားမြို့များဖြစ်သော ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ဝမ်းတွင်းဒေသမှလည်း ဝင်ရောက်လျက်ရှိရာ ငရုတ်သီးခြောက်တောင့်ရှည်နှင့် အပုခြောက် (ကုလား အော်သီးခြောက်)ဟူ၍ (၂)မျိုးရှိရာ ငရုတ်သီးခြောက်တောင့်ရှည်မှာ အစပ်နည်းပြီး ဈေးနည်းကာ ကုလားအော်သီးခြောက်မှာ အလွန်စပ်၍ ဈေးပိုကောင်းပါသည်။

      ယခုလက်ရှိ ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)အတွင်း ငရုတ်သီးခြောက်တောင့်ရှည်တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်နှင့် ကုလားအော်သီးခြောက်တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဧပြီလ(စတုတ္ထပတ်)တွင် ငရုတ်သီးခြောက်တောင့်ရှည်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ကုလားအော်သီးခြောက်တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်ဖြင့်ရောင်းချခဲ့ရာ ယခင်ဧပြီလ(စတုတ္ထပတ်)နှင့် ယခုမေလ(ဒုတိယပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ငရုတ်သီးခြောက်တောင့်ရှည်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှင့် ကုလားအော်သီးခြောက်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ခန့်မြင့်တက်လာကြောင်း၊ ဈေးနှုန်း မြင့်တက်လာရခြင်းမှာ ဒေသတွင်း ငရုတ်သီးအထွက်နှုန်းနည်းလာပြီး ဈေးကွက်အတွင်း ငရုတ်သီးခြောက်ဝင်ရောက်မှုနည်းလာသောကြောင့်ဖြစ်သည်ဟု သီရိမင်္ဂလာဈေးအတွင်း၌ ငရုတ်သီးခြောက်ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)