Main menu

ကျိုတ်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပဲမုန့်လုပ်ငန်းရှင်၏နေအိမ်တွင် စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

  ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၄-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်ရှိ ပဲမုန့်လုပ်ငန်းရှင်၏းနေအိမ်တွင် လုပ်သားပြည်သူ(၇)တို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးမှုများဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉နှင့်ပတ်သတ်၍   စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူတိုင်ကြားစာနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)