တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီးဧရိယာမှာ (၂၀၂၇၁၉)ဧက၊ အထွက်နှုန်းမှာ (၅၀၂.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၇၈၃၄)မက်ထရစ်တန်ရှိကြောင်း သိရှိရပါသည်။
မှိုင်းခံရော်ဘာတွင် RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက်(၅)မျိုးရှိပါသည်။ ယခုလက်ရှိ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5( ၂ )မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် (RSS-3) တစ်ပေါင်လျှင် ပေါက်စျေးသည် ယခုမေလ(ဒုတိယပတ်)တွင် (၁၄၅၀)ကျပ်ဖြစ်ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိ၍ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဖက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ယခုအခါသယ်ယူပို့ဆောင်ခမှာ ထားဝယ်မှ ကော့သောင်းသို့ (ကားခ)တစ်တန်လျှင် (၂၄၀၀၀၀)ကျပ်နှုန်းရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)