ကရင်ပြည်နယ်တွင် ဆန်ဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ မေလမှစ၍ တစ်ပြည်လျှင် (၂၅၀) ကျပ်ခန့်ဈေးတက်သွားကြောင်း သိရပါသည်။ မေလ(ဒုတိယပတ်)အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၁) စံပြရေပေါ်ဈေးတွင်ရောင်းချနေသည့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဧည့်မထ(ဆန်)တစ်ပြည်လျှင် (၂၃၀၀) ကျပ်၊ တစ်အိတ်လျှင် (၅၅၀၀၀) ကျပ်၊ ပေါ်ဆန်း(ဆန်)တစ်ပြည်လျှင် (၃၄၀၀) ကျပ်၊ တစ်အိတ်လျှင် (၇၅၅၀၀) ကျပ်၊ ဆန်ကွဲတစ်ပြည်လျှင် (၁၉၀၀) ကျပ်၊ တစ်အိတ်လျှင် (၄၃၅၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ပဲဆီ (ရိုးရိုး)တစ်ပိဿာလျှင် (၁၀၅၀၀) ကျပ်၊ ပဲဆီ(ရှယ်)တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၉၀၀) ကျပ်၊ တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၆၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် (၃၈၀၀) ကျပ်၊ ငရုတ်သီးခြောက်ရှည်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် (၇၂၀၀) ကျပ်၊ နနွင်းတက်တစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှင့် သကြားတစ်ပိဿာလျှင် (၂၈၀၀) ကျပ်တို့ဖြင့် ရောင်းချနေကြောင်း သိရပါသည်။
အသားငါးဈေးများမှာ မွေးမြူရေးကြက်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ မွေးမြူရေး(ငါးခူ)တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၄၀) ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၃၀) ကျပ်တို့ရှိပါသည်။ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စည်းလျှင် (၂၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ပဲတောင့်ရှည်သီးတစ်စည်းလျှင် (၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံရောင်းဝယ်ဖောက်ကားနေသည့်အရောင်းဆိုင်ထံမှ သိရှိရပါသည်။
DOCA(ကရင်)