ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကယားလမ်းကျေးရွာအုပ်စု၊ ပန်စေမိန်းကျေးရွာတွင် တောင်သူ(၁၀)ဦးက မြေဧက(၇)ဧကတွင် Organic ချင်းများကိုစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ချင်း(၇)ဧက၏ထွက်ရှိနှုန်းမှာ (၁၆၃၀) ပိဿာခန့်ထွက်ရှိပြီး ချင်းတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးကွက်အနေဖြင့် နမ့်ဆန်မြို့နယ်အတွင်း တင်ပို့ရောင်းချကြောင်း သိရပါသည်။
၎င်းအပြင် ချင်းများကိုဝိုင်ဖောက်ကာ ကုန်ချောအဖြစ်ထုတ်လုပ်ရောင်းချရာတွင် ဈေးနှုန်းအနေဖြင့် ချင်းဝိုင်တစ်ပုလင်းလျှင် ကျပ်(၆၀၀၀)ကျပ်အထိ ရောင်းချလျက်ရှိကြောင်း၊ ချင်းဝိုင်၏အရသာမှာ နှစ်မျိုးရှိပြီး တစ်မျိုးမှာ အချိုအရသာနှင့် တစ်မျိုးမှာ နည်းနည်းစပ်ကာ ပူရှိန်းရှိန်းဖြစ်သောကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်ကြောင်း၊ ချင်းစိုက်ပျိုးခြင်းကြောင့် မိသားစုဝင်ငွေတိုးပွားပြီး စီးပွားရေးလည်း တိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)