ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်နေပြီဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် အဓိကစိုက်ပျိုးသောသီးနှံဖြစ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ်အနှံ့အပြား၌ စိုက်ပျိုးပါသည်။ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလတို့တွင် စတင်ရိတ်သိမ်းပါသည်။ ယခုဈေးကွက်သို့ဝင်လာသော ကြက်သွန်ဖြူအသစ်များမှာ တောင်ကြီးမြို့နယ်အတွင်းမှဖြစ်ပြီး အင်းလေးဒေသအရှေ့ဖက်ခြမ်းဒေသဖြစ်သော နမ့်ပန်မြို့နယ်၊ မိုင်းပျိုးကျေးရွာအုပ်စု၊ အင်းယားကျေးရွာအုပ်စု၊ ကျောက်တလုံးငယ်ကျေးရွာအုပ်စုမှဖြစ်ကြောင်း သိရပါသည်။ တစ်ဧကလျှင် ပိဿာ (၂၅၀) စိုက်၍ ထွက်ရှိမှုမှာ ပိဿာချိန် (၂၅၀၀) ပတ်ချာလည်ခန့်ထွက်ရှိပါသည်။ ယခုတစ်ပတ်အတွင်း တစ်ပိဿာပေါက်ဈေးမှာ အပင်ပါ(အစို)အရောကို ၁၈၀ဝိ/-ကျပ်ဈေးပေါက်နေပါသည်။ ယခုလောလောဆယ်တွင် အစိုဓာတ်များရှိနေခြင်းကြောင့် အရည်အသွေး၊ အမျိုးအစားခွဲခြားခြင်းမရှိဘဲ၊ အရော(ဂျွန်)များကိုသာ ဈေးကွက်တွင် ရောင်းချလျက်ရှိပါသည်၊ သင်္ကြန်ပြီး ဈေးကွက်အခြေအနေကိုကြည့်ပြီးမှသာ ဈေးဖွင့်မည်ဖြစ်ပြီး ထိုအချိန်မှသာ အမျိုးအစားအလိုက် ဈေးဖွင့်မည်ဖြစ်ကြောင်း ဈေးကွက်မှ သတင်းရရှိပါသည်။
DOCA(ရှမ်း)