ကရင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် မေလ လဆန်းပိုင်းမှစ၍ လယ်ယာထွက်ကုန် ဆန်၊ စပါးဈေးနှုန်းမြင့်တက်ခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် ဈေးနှုန်းမှာရပ်တန့်နေကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် မေလ ဒုတိယအပတ်အတွင်း ဒေသထွက် ဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းဟိုတယ်မွှေး ပေါင်(၉၀)ဝင် ၁ အိတ်လျှင် ၇၈၀၀၀ ကျပ်၊ ဖန်တီးသုခရှယ် (သစ်) (၁၀၈)ပေါင်ဝင် ၁အိတ် ၇၀၀၀၀ကျပ်၊ ရွှေသွယ်ရှယ် ၁၀၈ပေါင် ၁အိတ် ၇၀၀၀၀ ကျပ် ၊ ရွှေသွယ်လတ် (၁၀၈) ပေါင်ဝင် ၁ အိတ် ၆၅၀၀၀ ကျပ်၊ ချမ်းမြေ့မေ ၁၀၈ပေါင်၁အိတ် ၁၃၀၀၀၀ ကျပ်၊ ခေါက်မလိသွယ်(ဟောင်း) (၁၀၈)ပေါင်ဝင် ၁ အိတ် ၇၅၀၀၀ ကျပ်၊ မနောပျက်(ဟောင်း) ၁ အိတ်၇၅၀၀၀ ကျပ်၊ ဖန်တီးသုခ(ဟောင်း) (၁၀၈) ပေါင်ဝင် ၁ အိတ် ၇၅၀၀၀ ကျပ်၊ လုံးတီးနီ (၁၀၈) ပေါင်ဝင်၁ အိတ် ၅၀၀၀၀ကျပ်၊ ဆန်ကွဲကြီး (ပေါင်၁၁၀) ၁အိတ်လျှင် ၅၀၀၀၀ကျပ်၊ ဆန်ကွဲလတ်/သေး (ပေါင်၁၁၀)ဝင် ၁အိတ်လျှင် ၄၅၀၀၀ကျပ် ဖွဲနု ပေါင်(၆၀)ဝင် ၁ အိတ်လျှင် ၂၁၀၀၀ ကျပ်၊ ပွိုင့်ပေါင်(၆၀)ပါ ၁ အိတ်လျှင် ၂၃၀၀၀ ကျပ် ဖြင့် ဈေးနှုန်းအသီးသီးဖြစ်ပေါ်လျက်ရှိပြီး ဆန်ဈေးအနေဖြင့် ဧည့်မထ ၁ ပြည်လျှင် ၅၀၀ ကျပ်နှုန်းခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ကရင်ပြည်နယ်သည် ဆန်လိုဒေသဖြစ်သောကြောင့် ပြည်နယ်အတွင်းသို့ ဆန်စီးဝင်မှုအနေဖြင့် ယခုနှစ် မတ်လ မှ မေလအတွင်း ဆန်တန်ချိန် ၃၇၀၀ ခန့်စီးဝင်မှုရှိခဲ့ကြောင်း စာရင်းများအရ သိရသည်။
စပါးဈေးနှုန်းအနေဖြင့် ကရင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် မေလ ဒုတိယအပတ်အတွင်း ဒေသထွက်စပါး တင်း ၁၀၀ လျှင် ကွင်းဈေး ၁၇၀၀၀၀၀ ကျပ်၊ စက်အရောက်ဈေးနှုန်း ၁၇၅၀၀၀၀ ခန့်ထိ ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ရောင်းလိုအားထက် ဈေးကွက်ဝယ်လိုအားများလာပြီး စပါးဈေးမြင့်တက်လာမှုကြောင့် ဆန်ဈေးများ ထပ်မံမြင့်တက်လာမည်ဟု ကုန်သည်အသိုင်းအဝိုင်းဘက်မှ ခန့်မှန်းကြကြောင်း စုံစမ်းသိရှိရသည်။
DOCA(ကရင်)