Main menu

“ကျောက်ဆည်ခရိုင်အတွင်း ရောင်းချနေသောအခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ် ၊ မေလ ၊ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် (သစ်)တစ်ပြည် (၃၄၀ဝိ/-)ကျပ် ၊ ဧရာပဒေသာဆန် (သစ်) (၂၄)ပြည်  တစ်အိတ်လျှင်(၈၀၀၀ဝိ/-)ကျပ်၊မနောသုခဆန်(သစ်) တစ်ပြည် (၂၇၅ဝိ/-)ကျပ်၊ မနောသုခဆန်(သစ်) (၂၄)ပြည် တစ်အိတ်လျှင် (၆၅၀၀ဝိ/)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀ဝိ/-) ကျပ် ၊ ခရမ်းချဉ်သီး(ဗမာ) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၀၀ဝိ/-)ကျပ် ၊ ကြက်သွန်နီ(သစ်) လက်လီဈေးနှုန်းမှာ(ကြီး) တစ်ပိဿာလျှင် (၂၃၀ဝိ/-)ကျပ်၊ (လတ်) တစ်ပိဿာလျှင် (၂၀၀ဝိ/-) ကျပ်၊ (အသေး) တစ်ပိဿာလျှင် (၁၆၅ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၄၅၀ဝိ/-) ကျပ်၊ (ရှမ်း) တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ၊ အာလူးတစ်ပိဿာလျှင် (၂၀၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး (ဟောင်း) တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး(သစ်) တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ဂျင်းတစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ၊ ဆားတစ်ပိဿာလျှင် (၅၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၏ သား ၊ ငါး ဈေးနှုန်းများမှာ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ် ၊ ကြက်သား(CP) တစ်ပိဿာလျှင် (၁၀၀၀ဝိ/-) ကျပ် ၊ ဝက်သား တစ်ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၇၀၀ဝိ/-)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀ဝိ/-)ကျပ် နှင့် ငါးအုံတုံ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ် ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့် တစ်ပိဿာလျှင် (၁၄၀၀ဝိ/-) ကျပ် ၊ နှမ်းဆီသန့် တစ်ပိဿာလျှင်(၁၁၀၀ဝိ/-)ကျပ် ၊ နေကြာဆီသန့် တစ်ပိဿာလျှင်(၁၃၀၀၀)နှင့် စားဆီတစ်ပိဿာလျှင် (၆၅၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ယခင်ဧပြီလ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက ဧရာပဒေသာဆန်၊ မနောသုခဆန်၊ ကြက်သွန်နီ၊အာလူး၊မကျည်းမှည့်နှင့် အမဲသားဈေးနှုန်းများအနည်းငယ်မြင့်တက်ခဲ့ကြောင်း၊  ခရမ်းချဉ်သီး၊ကြက်သွန်ဖြူ စျေးနှုန်းများအနည်းငယ်ကျဆင်းခဲ့ပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)