မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း စိုက်ဧက(၉၅၉၈)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်(၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၁၉၀၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၉)ဧက ၊မြစ်သားမြို့နယ်တွင်(၁၆၁၅)ဧက၊ စုစုပေါင်း(၆၄၅၈) ဧကစိုက်ပျိုးပြီးစီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ပဲတီစိမ်းကိုမျိုးအနေဖြင့် ကျောက်စိမ်း၊ရေးဆင်း(၁၁)မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ပဲတီစိမ်းကို မတ်လဆန်းမှစ၍ စတင်စိုက်ပျိုးခဲ့ရာ ယခုမေလဆန်းတွင် ပဲတီစိမ်းများစတင်ခူးဆွတ်လျက်ရှိပြီး အချို့ပဲတီစိမ်းသည် မျိုးပေါ်မူတည်၍ ရက်ပေါင်း(၆၀)မှ(၈၀)ကြားတွင် စတင်ခူးဆွတ်ရပါသည်။ ပဲတီစိမ်းကို အရောင်မဲ၍ ရင့်မှည့်သောအချိန်တွင် စတင်ခူးဆွတ်ရကြောင်း ၊ ယခုအပတ်အတွင်း မိုးရွာသွန်းသောကြောင့် ပဲတီစိမ်း စိုက်ခင်းများတွင် အသီးအပွင့်များဝေဝေဆာဆာဖြင့် ကောင်းမွန်ဖြစ်ထွန်းလျက်ရှိပါသည် ။ ပဲတီစိမ်းစိုက်ပျိုးမှုအနေဖြင့် သွင်းအားစုများအပါအဝင် (၁)ဧကလျှင် (၃၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့်(၁၀-၁၂)တင်းအထိ ထွက်ရှိပါသည် ။ ပဲတီစိမ်းစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် (၁)တင်းလျှင် (၅၂၀၀၀/-)ကျပ်စျေးနှုန်းရှိပြီး ယခုနှစ် ပဲတီစိမ်းအသစ်(၁)တင်း စျေးနှုန်း မှာ(၆၄၅၀၀/-)ကျပ်စျေးနှုန်းများဖြင့် ကျောက်ဆည်ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည် ။ (၁)ဧကအကျိုးအမြတ်အနေဖြင့် အထွက်(၁၀)တင်းဖြင့်တွက်ချက်လျှင်(၃၄၅၀၀၀/-) ကျပ်ရရှိကြောင်း တောင်သူများ ယခုနှစ် ပေါ်ဦးပေါ်စတွင် ပဲတီစိမ်းများ စျေးကောင်းရရှိသဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)