မေလ(ဒုတိယပတ်)အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းအခြေအနေများမှာ နှမ်းဆီ တစ်ပိဿာလျှင် (၁၀၀၀၀-၁၃၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၅၅၀-၂၆၀၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၃၂၀၀-၃၂၅၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၈၅၀-၁၉၀၀) ကျပ်၊ ကုလားပဲ v2 တစ်တင်းလျှင် (၇၂၀၀၀-၇၃၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၄၀၀၀-၈၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်၊ ပဲစဉ်းငုံသစ် တစ်တင်းလျှင် (၇၆၀၀၀-၇၈၀၀၀) ကျပ်၊ မကျီးတောင့် တစ်ပိဿာလျှင် (၈၅၀-၉၀၀) ကျပ်၊ ဝါ တစ်ပိဿာလျှင် (၂၈၀၀-၃၀၀၀) ကျပ်၊ ငရုတ် တစ်ပိဿာလျှင် (၁၁၀၀၀-၁၂၀၀၀) ကျပ် နှင့် ကြက်သွန်နီ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်နှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း မိတ္ထီလာကုန်စည်ဒိုင်မှ သိရပါသည်။
DOCA(မန္တလေး)