ပခုက္ကူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ပျားလိမ္မော်၊ လိမ္မော်သီး၊ စပျစ်သီးများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀)အထက် အရောင်းရှိနေကြောင်း ဆိုင်ရှင်များ၏ပြောကြားချက်အရ သိရှိရပါသည်။
သရက်သီးမှည့်များလည်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပြီး စိန်တလုံး၊ မချစ်စု၊ ရင်ကွဲ၊ စိမ်းစားသီးမျိုးစုံရောင်းချလျက်ရှိရာ စိန်တလုံးသရက်သီးများမှာ အရွယ်အစားကိုလိုက်၍ တစ်လုံးလျှင် ကျပ်(၃၀၀၊ ၄၀၀၊ ၇၀၀)ရှိပြီး မချစ်စုအမှည့်တစ်လုံးလျှင် ကျပ်(၂၅၀)၊ ရင်ကွဲသီးတစ်လုံးလျှင် ကျပ်(၂၅၀)ရှိပြီး တခြားသီးနှံများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပန်းသီးတစ်လုံးလျှင် ကျပ်(၅၀၀)၊ စပျစ်သီးအစိတ်သားလျှင် ကျပ်(၁၃၀၀၊ ၁၅၀၀)၊ ကြက်မောက်သီး တစ်လုံးလျှင် ကျပ်(၂၀၀)၊ လေချူသီးတစ်တွဲလျှင် ကျပ်(၁၅၀၀)၊ ဖရဲသီးတစ်လုံးလျှင် အရွယ်အစားကိုလိုက်၍ ကျပ်(၁၂၀၀ - ၅၀၀၀)၊ ပျားလိမ္မော်တစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ သင်္ဘောသီးတစ်လုံးလျှင် ကျပ်(၁၀၀၀ - ၁၅၀၀)၊ သခွားသီးတစ်လုံးလျှင် ကျပ်(၁၂၀၀)၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် ကျပ်(၁၀၀၀ - ၁၂၀၀)၊ ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင် ကျပ်(၁၂၀၀ - ၁၅၀၀)၊ ပန်းသစ်တော်တစ်လုံးလျှင် ကျပ်(၂၀၀၀ - ၃၀၀၀) နှင့် မာလကာသီးတစ်လုံးလျှင် ကျပ်(၂၀၀ - ၃၀၀) အသီးသီးရှိပြီး ရောင်းချနေသောသီးနှံများအား မန္တလေးပွဲရုံများမှ တိုက်ရိုက်မှာယူကြောင်း သိရှိရပါသည်။
DOCA(မကွေး)