Main menu

စျေးကွက်အတွင်းမြေသြဇာစျေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

     မိတ္ထီလာခရိုင်သည် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများ အများအပြား စိုက်ပျိုးသောခရိုင်တစ်ခုဖြစ်ပါသည်။ ယခုအခါ သီးနှံများ ဖြစ်ထွန်းအောင်မြင်ရန် အသုံးပြုသည့် သွင်းအားစု ဓါတ်မြသြစျေးများ အနည်းငယ်ကျဆင်းနေသည်ကို တွေ့ရပါသည်။ ဧပြီလ  သင်္ကြန်ကာလအပြီးတွင် MC (50 kg)  တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ရွှေတောင် (50 kg) တစ်အိတ်လျှင် (၇၆၀၀၀) ကျပ်၊ ရွှေ ပျား (50 kg) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ နေရွက်လှေ (50 kg) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ GPS (50 kg) တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ စိမ်စို (50 kg) တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု မေလ(ပထမပတ်)တွင် MC (50 kg)  တစ်အိတ်လျှင် (၉၄၀၀၀) ကျပ်၊ ရွှေတောင် (50 kg) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ ရွှေ ပျား (50 kg) တစ်အိတ်လျှင် (၇၃၀၀၀) ကျပ်၊ နေရွက်လှေ (50 kg) တစ်အိတ်လျှင် (၇၃၀၀၀) ကျပ်၊ GPS (50 kg) တစ်အိတ်လျှင် (၁၁၈၀၀၀) ကျပ်၊ စိမ်စို (50 kg) တစ်အိတ်လျှင် (၁၁၈၀၀၀) ကျပ် စျေးသာရှိပြီး သင်္ကြန်ပြီးကာလနှင့် နှိုင်းယှဉ်လျှင် စျေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။ စျေးနှုန်းကျဆင်းရခြင်းများ ရာသီချိန်ကာလမဟုတ်၍ အရောင်းအဝယ် မဖြစ်သလောက်ရှိကြောင်း နှင်းတော်ဝင် ဓါတ်မြေသြဇာအရောင်းဆိုင်မှ သိရပါသည်။  

DOCA(မန္တလေး)