အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မေလ(၃)ရက်နေ့မှ မေလ (၉)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၅၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀၀ မှ ၁၀၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၄၀၀ မှ ၁၆၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀၀ မှ ၃၅၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၅၀၀ မှ ၈၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၅၀၀ မှ ၁၈၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၇၀၀ မှ ၂၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၅၀၀၀ မှ ၆၅၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၅၂၀၀ မှ ၇၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၃၀၀၀ မှ ၃၅၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၅၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး (ရှည်) (ပိဿာ)ကျပ် ၁၈၀၀ မှ ၂၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၇၀ မှ ၃၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၈၀၀ မှ ၂၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၈၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၂၂၂၆၅၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၂၅၅၈၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၅၁၇၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၅၆၅)ကျော်၊ ဂေါ်ဖီထုပ် ပေါင်း (၂၃၆၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၄၇၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၉၀၂၅) ကျော်၊ ဖရဲသီးလုံးပေါင်း (၈၅၂၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။
DOCA(ရန်ကုန်)