Main menu

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ (၂၀.၄.၂၀၂၃) မှ (၂၆.၄.၂၀၂၃) ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၉၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၃၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၂၀၀ ကျပ်မှ ၁၇၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၅၂၀၀ ကျပ်ထိလည်းကောင်း၊ (၂၇.၄.၂၀၂၃) မှ (၃.၅.၂၀၂၃) ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၃၀၀၀) ပိဿာ နှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၇၆၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၂၁၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၂၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိရှိခဲ့ပြီး (၄.၅.၂၀၂၃) မှ (၁၀.၅.၂၀၂၃) ရက် အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၃၂၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၆၅၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၅၀၀ ကျပ်မှ ၇၀၀၀ ကျပ် ထိဖြစ်ပြီး မတ်လနောက်ဆုံးပတ်မှစ၍ ယနေ့ထိ ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး ကြက်သွန်ဖြူ ဈေးနှုန်းမှာ သိသိသာသာမြင့်တက်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)