Main menu

မကွေးမြို့၊ ကန်သာစျေး၌ ရောင်းချလျက်ရှိသော ကုန်စျေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးမြို့ ကန်သာဈေး၌ မကွေးမြို့နယ် ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မင်းဘူးမြို့နယ်(ကျောက်တန်းကျေးရွာ)၊ စလင်း(ဆင်ဖြူကျွန်း)၊ တောင်တွင်းကြီးနှင့် အောင်ပန်းတို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

         ၂၀၂၃ခုနှစ်၊ မေလ (ဒုတိယအပတ်)အတွင်း ရောင်းချနေသော ကုန်စျေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာ လျှင် ကျပ်(၂၀၀၀)၊ ကန်စွန်းရွက် (၁)စည်းလျှင် ကျပ်(၅၀)၊ ချဉ်ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၂၀၀)၊ ပန်းဂေါ်ဖီ (၁)ထုပ်လျှင် ကျပ်(၁၃၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၂၈၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ် (၂၈၀၀)၊ ရုံးပတီသီး (၁၀)တောင့်လျှင် ကျပ်(၂၀၀)၊ ပြောင်းဖူး (၁)ဖူးလျှင် ကျပ်(၄၀၀)၊ ကင်ပွန်းချဉ် (၁)စည်းလျှင် ကျပ်(၁၀၀)၊  သံပုရာသီး (၁၀)လုံးလျှင် ကျပ်(၅၀၀မှ ၈၀၀)အတွင်း၊ မန်ကျည်းရွက် (၁၀)ကျပ်သားလျှင် ကျပ်(၆၀၀)၊ ကြက်ဟင်းခါးသီး (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ဆူးပုပ်ရွက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ပဲသီး (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ခါကြက်ဥ (၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ ဘူးသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၀၀၀)အတွင်း၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် ကျပ်(၇၅၀၀)နှင့် သရက်ချဉ် (၁)ပိဿာလျှင် ကျပ်(၁၅၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)