Main menu

ပခုက္ကူမြို့၊ ဘိလပ်မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့၏ ဈေးကွက်အခြေအနေ

Powered by Drupal

    ပခုက္ကူမြို့၌ ယခု မေလ(ဒုတိယပတ်)တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းမှာ မေလ(ပထမပတ်)နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်ဈေးတက်လာသည်ကို တွေ့ရှိရပါသည်။ ယခုတစ်ပတ်၌ ဈေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၀၀၀)၊ အယ်လဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၈၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဓာတ်မြေဩဇာဈေးနှုန်းမှာလည်း အနည်းငယ်ကျဆင်းပြီး ပိုးသတ်ဆေးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

     မေလ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်နေသောဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို ယူရီးယား (50)kg ပါ တစ်အိတ်လျှင် ကျပ်(၈၇၀၀၀)၊ ဩဘာယူရီးယား (50)kg ပါ တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ မြန်မာ့ဩဘာ/ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၃၄၀၀၀)၊ အာမို ကွန်ပေါင်းအပြာကြား (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ကောမက်ကွန်ပေါင်း(၁၅:၁၅:၁၅) (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)ဖြစ်ကြောင်း သိရပါသည်။ ပိုးသတ်ဆေးမှာ ဈေးအနည်းငယ်တက်လာသည်ကိုတွေ့ရှိရပြီး ဈေးနှုန်းများအနေဖြင့် အာမိုမက်နီဖော့တစ်လီတာတစ်ဘူးလျှင် ကျပ်(၄၅၅၀ဝ)ရှိပြီး အာမိုမက်နီဖော့(500)CC ပါ တစ်ဘူးလျှင် ကျပ်(၂၇၅၀၀)၊ အာမိုအီမာ(250)CC ပါ တစ်ဘူးလျှင် ကျပ်(၁၁၀၀၀)၊ အာမိုအီမာတစ်လီတာတစ်ဘူးလျှင် ကျပ်(၃၄၀၀၀)၊ မင်းမဟော် စီအက်စ်(၅၀၀)ဂရမ်ပါ တစ်ထုပ်လျှင်  ကျပ်(၂၀၀၀၀)၊ မင်းမဟော် ဖော်ယူဘို (500)CC ပါ တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ ဩဘာပို့စ် (250)CC ပါ တစ်ဘူးလျှင် ကျပ်(၁၀၀၀၀)၊ ဩဘာ အဆီဖိတ်(၅၀၀)ဂရမ်ပါ တစ်ထုပ်လျှင် ကျပ်(၂၀၅၀၀)၊ ဩဘာငှက်ကြီးတောင် (100)CCပါ တစ်ဘူးလျှင် ကျပ်(၁၆၅၀၀)၊ ဩဘာ ငှက်ကြီးတောင် (250)CCပါ တစ်ဘူးလျှင် ကျပ်(၄၀၅၀၀)ဖြစ်၍ သုံးစွဲမှုများလာသောကြောင့် ယခုမေလ(ဒုတိယပတ်)တွင် မေလ(ပထမပတ်)ထက်ပို၍အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)