မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိ ကျေးရွာများ ညောင်တော၊ ကူတုတ်ရွာမှ သီးနှံအများဆုံးဝင်ရောက် ရောင်းဝယ်ဖောက်ကားလျက် ရှိပါသည်။
ရေစကြိုမြို့မဈေးအတွင်း ၂၀၂၃ခုနှစ်၊ မေလ (၂)ရက်နေ့မှ (၉)ရက်နေ့ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး (အင်းသီး) (၁)ပိဿာလျှင် ကျပ် (၁၄၀၀ မှ ၁၆၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၈၀၀ မှ ၁၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၂၆၀၀ မှ ၂၈၀၀)၊ မျှစ်(၁)ပိဿာလျှင် ကျပ်(၂၆၀၀ မှ၂၈၀၀)၊ ပဲသီးရှည်(၁)ပိဿာလျှင် ကျပ်(၂၃၀၀ မှ ၂၅၀၀)၊ မေမြို့ပဲသီး(၁)ပိဿာလျှင် ကျပ်(၁၄၀၀ မှ ၁၆၀၀)၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် ကျပ် (၅၅၀၀ မှ ၆၀၀၀)၊ ဆင်ခြေယာငရုတ်သီးခြောက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀ မှ ၁၂၀၀၀)၊ ကြက်သွန်နီ (၁) ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)၊ ကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၄၅၀၀ မှ ၅၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၅၅၀၀ မှ ၆၀၀၀)၊ ဂျင်းတက် (၁)ပိဿာလျှင် ကျပ် (၂၃၀၀ မှ ၂၄၀၀)၊ ကြက်ဟင်းခါးသီး (၁)ပိဿာလျှင် ကျပ်(၁၆၀၀ မှ ၁၈၀၀)၊ ရုံးပတီသီး(၁)ပိဿာလျှင် ကျပ် (၁၄၀၀ မှ ၁၆၀၀)၊ မန်ကျည်းရွက်(၅)ကျပ်သားလျှင် ကျပ်(၂၀၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ချဉ်ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၇၀)၊ သံပရာသီး(၁)လုံးလျှင် ကျပ်(၁၀၀)၊ သကြား ပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၃၅၀)၊ မန်ကျည်းသီးမှည့် အစေ့လွတ်(၁)ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၄၀၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၇၅၀၀ မှ ၈၀၀၀)၊ ကုလားပဲခြမ်း (အနီဆံ)(၁)ပြည်လျှင် ကျပ် (၆၂၀၀ မှ ၆၄၀၀)နှင့် ဆား(၁)ပိဿာလျှင် ကျပ်(၅၀၀ မှ ၅၅၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စုံဆိုင်ရောင်းချသူလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(မကွေး)