Main menu

ဆိပ်ဖြူမြို့၊ မေလ(ပထမပတ်)၏ ကြက်သွန်နီဈေးကွက်အခြေအနေ

Powered by Drupal

    ဆိပ်ဖြူမြို့၊ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ကြက်သွန်နီပွဲရုံများတွင် မေလ(၁)ရက်နေ့မှ (၇)ရက်နေ့(ပထမပတ်)အတွင်း (နွေ)ကြက်သွန်နီများမှာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ကြက်သွန်နီကုန်ချိန်ပိဿာ(၆)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၃)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ယခု မေလ(ပထမပတ်)အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ်(၂၁၀၀ မှ ၁၉၀၀)ထိ၊ အလတ်စ ကျပ်(၁၈၀၀ မှ ၁၆၀၀)ထိ၊ အသေးစ ကျပ်( ၁၄၀၀ မှ  ၁၂၀၀)ထိ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်(၁)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၆၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်)တစ်ပိဿာလျှင် ကျပ်(၄၅၀)၊ အလတ်စနှင့် အသေးစတစ်ပိဿာစီတို့မှာ ကျပ်(၄၀၀)စီခန့်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ဆိပ်ဖြူမြို့မှ အခြားတိုင်းဒေသကြီးများသို့ ကြက်သွန်နီစီးထွက်မှုများမှာ ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် မူဆယ်ဝယ်လက်မှတစ်ဆင့် တရုတ်နိုင်ငံ၊ မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးကုန်စည်စီးဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။ ယခုမေလ(ပထမပတ်)အတွင်း ကြက်သွန်နီစုစုပေါင်းပျမ်းမျှပိဿာ(၃)သိန်းခန့်၊ (၈၅၇၂)အိတ်၊ တန်ချိန်(၄၉၀)ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

      ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၂၇၀၀/ ၂၅၀၀/ ၂၀၀၀/ ၁၇၀၀)ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)