Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

 အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၂.၅.၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀မှ၂၅၅၀၀၀)ဖြစ်ပြီး ယခုအပတ်(၉.၅.၂၀၂၃)ရက်နေ့ တွင်လည်း ကျပ်(၂၈၀၀၀၀မှ၂၅၅၀၀၀)ရှိခဲ့၍ ဈေးနှုန်းမှာပြောင်းလဲခြင်းမရှိပဲ (၄၃၀)အိတ် အရောင်းအဝယ်ဖြစ်ခဲ့ပါကြောင်း နှင့် နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ အရောင်းအဝယ်အနည်းအပါးမျှသာ ရှိနေသေးပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံနီမှာ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၇၂၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၈၀၀၀)ဖြစ်၍ ကျပ်(၈၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(H-L)ယခင်အပတ်တွင် ကျပ် (၇၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၆၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ်(၉၁၀၀၀မှ ၈၉၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀မှ ၈၈၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးလျော့ခဲ့ပါသည်။  မတ်ပဲ ယခင်အပတ်တွင် ကျပ်(၆၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၈၀၀၀)၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၇၆၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၇၆၅၀၀)၊ ဘိုကိတ်ပြာယခင်အပတ်တွင် ကျပ်(၄၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၄၄၅၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၁၂၀၀) အိတ်၊ မတ်ပဲ(၁၈၀)အိတ်၊ ကုလားပဲ(H-L)(၉၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၈၀၀)အိတ်၊ ဘိုကိတ်ပြာ (၁၃၀) အိတ်နှင့်   ပဲကြီး(၁၁၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

   မြေပဲလုံးဆံနီ (၁)ပိဿာလျှင်ယခင်အပတ်တွင် ကျပ်(၇၄၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၄၀၀) ဖြစ်၍ ကျပ်(၅၀)ဈေးလျော့ခဲ့ပါသည်။ မြေပဲလုံးဆံ(ဖြူ)  ယခင်အပတ်တွင် ကျပ်(၆၇၀၀) ဖြစ်ပြီး ယခုအပတ် တွင်လည်း ကျပ်(၆၇၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ (နီ) (၅၇၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ) (၄၃၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

       ဝါသီးနှံဈေးကွက်တွင် ဝါ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၃၀၀၀မှ ၂၉၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၀၀၀မှ ၂၉၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ ဝါပိဿာချိန်(၁၁၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် ဝါသီးနှံ၊ ပဲမျိုးစုံနှင့် နှမ်းသီးနှံတို့အား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ပဲကြီး၊ မြေပဲလုံးဆံ(နီ)၊ မြေပဲလုံးဆံ(ဖြူ) အနည်းငယ်မျှအား အောင်လံမြို့အတွင်းရှိ ပဲကြော်လုပ်ငန်း၊ ပဲကြော်ဖိုများသို့ လိုက်လံပို့ဆောင်ရောင်းချပေးရပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)