Main menu

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

     တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၂၀.၅၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၄၀၅)၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၂၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၀.၅၂၅) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၁)နှစ်စာ လျာထားချက်အပေါ်  (၂.၅၆)% ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း တမူးနယ် စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

     ပို့ကုန်အနေဖြင့် (၂၂.၄.၂၀၂၃ မှ ၂၈.၄.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၆၉) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၂၉.၄.၂၀၂၃ မှ ၅.၅.၂၀၂၃)ရက်နေ့အထိ စီးကရက် အရေအတွက်အားဖြင့်(၁၀၉.၂၁၆) တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၂၃၄)၊ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၃၂)၊ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၂၆၆)တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် (၂၂.၄.၂၀၂၃ မှ ၂၈.၄.၂၀၂၃) ရက်နေ့အထိ ဓါတ်မြေဩဇာတန် အရေအတွက်အားဖြင့် (၁၀၀.၀၀၀)၊ တန်ဖိုးအားဖြင့် (၀.၀၂၅) အမေရိကန်ဒေါ်လာသန်း၊ ဆံပင် အရေအတွက်အားဖြင့် (၆.၀၃၀) တန်ဖိုးအားဖြင့် အမေရိကန်ဒေါ် လာသန်း (၀.၀၂၃) တင်သွင်းနိုင်ခဲ့သည့်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း (၀.၀၄၈) တင် သွင်းနိုင်ခဲ့ပါကြောင်း၊ (၂၉.၄.၂၀၂၃ မှ ၅.၅.၂၀၂၃)ရက်နေ့ ဆံပင်အရေအတွက်အားဖြင့် (၃.၆၆၀) တန်ဖိုးအားဖြင့် (၀.၀၁၄) တင်သွင်းနိုင်ခဲ့သည့်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း (၀.၀၁၄) တင်သွင်းနိုင်ခဲ့ပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန် ဒေါ်လာသန်း (၀.၁၉၇) ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၃၄)  လျော့ နည်းတင်သွင်းနိုင်ခဲ့ပါကြောင်း  တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)