မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဈေးကွက်၌ မေလ ပထမပတ်တွင် သံချောင်းလုံး ဈေးနှုန်းနှင့် ဘိလပ်မြေဈေးနှုန်းများ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရသည်။ သံချောင်းလုံး ၃မူး တစ်တန် ကျပ် ၁၆၀၀၀၀၀၊ ၅ မူးတစ်တန် ကျပ် ၁၅၄၀၀၀၀ ၊ ၆ မူး တစ်တန် ကျပ် ၁၅၈၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘိလပ်မြေဈေးကွက်၌ ကြံ့နှစ်ကောင် တစ်အိတ် ကျပ် ၁၀၀၀၀၊ အပါချီ တစ်အိတ် ကျပ် ၉၅၀၀၊ Crown တစ်အိတ် ကျပ် ၁၁၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းကို မုံရွာမြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များမှ စုံစမ်း သိရှိရသည်။
မုံရွာမြို့ရှိ ဓာတ်မြေဩဇာဈေးကွက်မှာ ယခုမေလပထမပတ်တွင် အာမို(၁၅:၁၅:၁၅) ၅၀ kg ပါ တစ်အိတ် ကျပ် ၁၃၇၀၀၀၊ နိုက်ထရိုဖော်စကာ(ဩဘာ) ၅၀kg တစ်အိတ် ကျပ် ၁၄၈၀၀၀ နှင့် ပန်းဖူး(ရွှေပျား)၅၀kgပါ တစ်အိတ် ကျပ် ၇၄၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းမြင့်တက်၍ စိုက်ပျိုးရေး ဆေးဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းသွားကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များနှင့် စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)