Main menu

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ ခုနှစ် မေလ ဒုတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် (၃၈၀၀) ကျပ်၊ ဧရာမင်းဆန် တစ်ပြည် (၃၆၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၄၅၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၆၀၀) ကျပ်မှ (၂၇၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၈၅၀၀) ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၈၅၀၀) ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၃၀၀၀)  ကျပ် မှ (၁၄၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၄၀၀) ကျပ် မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၇၀၀) ကျပ်မှ (၁၈၀၀) ကျပ်တို့ဖြင့် အရောင်းအ ဝယ်ဖြစ်လျက် ပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၂၅၀) ကျပ်၊ သေးတစ်လုံး (၂၀၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၅၀) ကျပ်၊ သေးတစ်လုံး (၃၀၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၀၀၀၀) ကျပ်မှ  (၁၁၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     မေလ ဒုတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများနှိုင်းယှဉ် လျှင် ကြက်သွန်နီ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ဗမာ ) တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊  ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှင့် ချင်းတက် တစ်ပိဿာလျှင်(၅၀၀)ကျပ် ဈေးနှုန်းတက်ပြီး အခြားအခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)