စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးသည် (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခမ်းရပ်ကွက်နှင့် လယ်တော်ရပ်ကွက်၌ စားသုံးဆီများကို ဈေးကားဖြင့် ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချခြင်းအား စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စိစစ်ကြပ်မတ်ဆောင်ရွက်ရာတွင် ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများက လက်ကားကုန်သည်များထံသို့ ဖြန့်ဖြူးပေးသည့်စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းကာ အမြတ် ၂ရာနှုန်းထက်မပိုသောဈေးနှုန်းဖြင့် ရပ်ကွက်များသို့ ဈေးကားဖြင့်လှည့်လည်၍ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းရောင်းချပေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကလည်း လာရောက်ဝယ်ယူကြသောပြည်သူများအား အဆင်ပြေချောမွေ့စွာဝယ်ယူရရှိနိုင်နိုင်ရန်လည်းကောင်း၊ အလေးချိန်မှန်ကန်မှုရှိစေရန်လည်းကောင်း၊ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရန်အတွက် စနစ်တကျတန်းစီစေခြင်းဖြင့်လည်းကောင်း လူတန်းစေ့ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ တန်းတူညီမျှရောင်းချစေရန် စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)