“ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို ဈေးကွက်အတွင်း ပိုမိုရွေးချယ် ဝယ်ယူနိုင်ရန်စေရန် အလို့ငှာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၀.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ် (၂) ရပ်ကွက်၊ “မြလင်းကျော်” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင် နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရခြင်း၏အဓိက ရည်ရွယ်ချက်ဖြစ်သည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ပါအတိုင်း ကုန်စည်အုပ်စုအလိုက် သတ်မှတ်ချက်နှင့်အညီ ထည့်သွင်းဖော်ပြကြရန်နှင့် ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်းကို မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းရှင်မှလည်း အလေးထား လိုက်နာဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)