Main menu

သထုံမြို့နယ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စစ်ဆေးရေးအရာရှိဦးဆောင်၍ (၅-၅-၂၀၂၃) ရက်နေ့တွင် သထုံမြို့ပေါ်ရှိ ဆေးဆိုင်(၆) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ Online ပေါ်တွင် တရားမဝင်ရောင်းချနေသောဆေးဝါးများအား ဆေးဆိုင်များတွင် ရောင်းချနေခြင်းရှိ/မရှိနှင့် သက်တမ်းလွန်သောဆေးဝါးများရောင်းချနေခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ အဆိုပါ ဆေးဆိုင်(၆)ဆိုင်၌ တရားမဝင်ဆေးဝါးများရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပြီး ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများခွင့်ပြုချက်မရှိသောဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုလုပ်ရန် ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)