Main menu

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

Powered by Drupal

မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၁၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၁၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၈၈၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် သုံးသောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်း အဝယ်ဖြစ် ကြောင်း သိရသည်။

ပဲတီစိမ်း

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၃၆၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၂၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၂၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၃၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၅၅၀၊ ယခင်နှစ် မေလ၊ တတိယပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၉၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင်ကျော် မှ လေးထောင်ခန့်အထိ ပိုမိုခဲ့ သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၉၇၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၅၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၈၇၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ လေးသောင်းခွဲခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများ စာရင်းအရ သိရသည်။

DOCA(စစ်ကိုင်း)