Main menu

မကွေးကုန်စည်ဒိုင်ရှိ ပဲမျိုးစုံစျေးကွက်အခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီးအတွင်း ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၁၀-၅-၂၀၂၃) ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ ပဲတီစိမ်း(၁၉)ပိဿာဝင်တစ်တင်းလျှင် ကျပ်(၇၀၀၀၀)၊ စားတော်ပဲ(၂၀)ပိဿာဝင်တစ်တင်းလျှင် ကျပ်(၁၂၇၀၀၀)၊ ပဲစင်းငုံနီ(၂၀) ပိဿာဝင်တစ်တင်းလျှင် ကျပ်(၇၇၀၀၀)၊ ပဲကြီးမဲ(ချင်း)(၁၉)ပိဿာဝင်တစ်တင်းလျှင် ကျပ်(၇၈၅၀၀)ဖြင့် စျေးနှုန်းမြင့်တက်လာကြောင်း သိရပါသည်။ အခြားပဲများမှာ ပဲလွန်းဝါ(ကျွန်း)(၁၉)ပိဿာဝင်တစ်တင်းလျှင် ကျပ်(၅၆၀၀၀)၊ ပဲကြီးဖြူ(သေး)(၁၉)ပိဿာဝင်တစ်တင်းလျှင် ကျပ်(၈၀၀၀၀)၊ ပဲကြီးဖြူ(လတ်)(၁၉) ပိဿာဝင်တစ်တင်းလျှင် ကျပ်(၈၂၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး)(၁၉)ပိဿာဝင်တစ်တင်းလျှင် ကျပ်(၈၇၀၀၀)၊ ပဲကြီးမဲ(အာမဲ)(၁၉)ပိဿာဝင်တစ်တင်းလျှင် ကျပ်(၇၈၀၀၀)၊ ပဲထောပတ်(၁၉)ပိဿာဝင်တစ်တင်းလျှင် ကျပ်(၇၅၀၀၀)၊ မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၆၇၀၀၀)တို့ဖြင့် စျေးနှုန်းကျဆင်းလာပြီး ကုလားပဲ (929/ HL/ သေး)စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

      (၁၀-၅-၂၀၂၃) ရက်နေ့တွင် ပဲတီစိမ်းတန်ချိန်(၂၀)ခန့်၊ ပဲလွန်းဝါ(ကျွန်း)တန်ချိန်(၁၀)ခန့်၊ ကုလားပဲတန်ချိန်(၂၀၀)ခန့်၊ ပဲကြီးဖြူတန်ချိန်(၄၀)ခန့်၊ ပဲကြီးမဲတန်ချိန်(၁၀)ခန့်၊ စားတော်ပဲတန်ချိန်(၂၀)ခန့်၊ မတ်ပဲတန်ချိန်(၃၀)ခန့်၊ ထောပတ်ပဲတန်ချိန်(၁၀)ခန့်၊ ပဲစင်းငုံနီတန်ချိန်(၂၀၀)ခန့်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မကွေးကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)