Main menu

မကွေး/ရေနံချောင်းစျေးကွက်အတွင်း ကြက်သွန်နီစျေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

   ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် မကွေးစျေးကွက်၌ စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီစျေးနှုန်းများမြင့်တက်လျက်ရှိပါသည်။ မကွေး တိုင်းဒေသကြီးအတွင်း ကြက်သွန်နီထွက်ရှိရာမြို့များမှာ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ မြို့သစ်တို့ဖြစ်ပြီး ကြက်သွန်နီများကို ပွဲရုံများမှ တစ်ဆင့် မြို့တွင်းအနီးအနားရှိ ကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ မေလ(ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၇၀၀-၁၈၀၀-၁၉၀၀) ဖြစ်ပြီး ဒုတိယအပတ်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၂၂၀၀-၂၃၀၀-၂၃၅၀)တို့ဖြင့် စျေးနှုန်းများမြင့်တက်လျက်ရှိပါသည်။ တစ်နေ့လျှင်  ပိဿာ(၁၀၀၀၀)ခန့်ရောင်းချရပြီး တစ်ပတ်လျှင် တန်ချိန် (၉၇.၉၇)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     မေလ(ဒုတိယပတ်)တွင် ရေနံချောင်းမြို့၌လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမြင့်တက်လျက်ရှိပါသည်။ ရေနံချောင်းမြို့မှ ကြက်သွန်နီတင်ပို့ရာမြို့များမှာ ရခိုင်၊ ရန်ကုန်၊ ပြည်၊ အောင်လံဒေသတို့ဖြစ်ပြီး မေလ(ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၁၉၀၀-၁၉၅၀)တို့ဖြစ်ပြီး ဒုတိယအပတ်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၈၀၀-၂၁၅၀-၂၂၀၀)တို့ဖြင့် စျေးနှုန်းများမြင့်တက်လျက်ရှိပါသည်။ တစ်နေ့လျှင် ပိဿာ(၁၅၀၀၀)ခန့်ရောင်းရပြီး တန်ချိန် (၁၄၆.၉၆)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)