Main menu

ကျောက်တံခါးမြို့၏ မြင့်တက်လာသော မတ်ပဲစျေးနှုန်းအခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ၊  ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မေလတွင် မတ်ပဲစျေးနှုန်းများ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရပါသည်။ ယခင်လတွင် မတ်ပဲတစ်တင်း (၅၀၀၀၀)ကျပ်ခန့် ဝန်းကျင်ရှိ၍ ယခုလတွင် မတ်ပဲတစ်တင်းကို (၇၁၀၀၀)ကျပ်ခန့် မြင်တက်လာသည်ဟု သိရပါသည်။ ယခုနှစ် မတ်ပဲသည် တစ်ဧကကို တင်း (၂၀ မှ ၂၅) ထိထွက်သည်ဟု သိရပါသည်။ အရင်နှစ်ထက် အထွက်နှုန်းကောင်းသည်ဟုသိရပါသည်။ အထွက်နှုန်းကောင်းရခြင်းမှာ မြေဆီလွှာနှင့် ကောက်ပဲသီးနှံများအတွက် သင့်လျော်ပြီး အထူးကောင်းမွန်သည့် သွင်းအားစု မြေသြဇာ ပိုမိုတွင်ကျယ်စွာ အသုံးပြုထားခြင်းကြောင့် အထွက်နှုန်းကောင်းမွန်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)