Main menu

လိုင်ချီးသီးအကြောင်း သိကောင်းစရာများ

Powered by Drupal

      ကရင်ပြည်နယ် ၊ သံတောင်မြို့နယ် ၊ ပိန်းထီလာရွာတွင် လိုင်ချီးသီးများ စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော လိုင်ချီးသီးများကို တောင်ငူမြို့အတွင်း ဖြန့်ဖြူးရောင်းချနေ ပါသည်။ လိုင်ချီးသီးကို ဈေးကွက်တွင် တစ်ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ် ရောင်းချလျက်ရှိပါသည်။ လိုင်ချီးသီးတွင် ရေဓာတ်နှင့် အာဟာရဓာတ်များစွာပါဝင်ပါသည်။ လိုင်ချီး သီးတွင် ကာဗွန်ဟိုက်ဒရိတ် ၊ အသားဓာတ် ၊အချိုဓာတ် ၊အမျှင်ဓာတ်၊ ဗီတာမင်စီ တို့ပါဝင်သောကြောင့် ဆံသားကိုကျန်းမာစေခြင်း၊ ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်း၊ အစာကြေလွယ်ခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးလည်ပတ်မှုကောင်းစေပြီး သွေးပေါင်များ ထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်ပိုးသေစေနိုင်ပြီး ကိုယ်ခံအားကောင်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။ လိုင်ချီးသီးသည် ဈေးကွက်အနေဖြင့်လည်း ဈေးကောင်းရရှိသည့်အပြင် တောင်သူများအဖို့ စိုက်ပျိုးလျှင် စိုက်ပျိုးသလောက် ဈေးကွက်ရရှိသည့်အတွက် တိုးချဲစိုက်ပျိုးပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)