Main menu

အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ရှိ သစ်သားအခြေခံ မီးဖိုချောင်သုံးပစ္စည်းလုပ်ငန်း

Powered by Drupal

       တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ကျင်းကြီးရပ်ကွက်၊ ငုဝါလမ်းတွင် လုပ်ငန်းရှင် ဦးထွန်းထွန်းနိုင်က သစ်သားအခြေခံ မီးဖိုချောင်သုံးပစ္စည်းများကို တွင်ကျယ်စွာ ထုတ်လုပ် ရောင်းချလျက် ရှိပါသည်။ အဓိကအားဖြင့် ငရုပ်ဆုံ၊ ဇွန်းနှင့် ယောင်းမတို့ကို ထုတ်လုပ်လျက်ရှိပြီး ပန်းအိုး၊ ဆွမ်းအုပ်နှင့် ဆွမ်းတော်တင်ကလပ်တို့ကို အော်ဒါမှာယူပါက ထုတ်လုပ်ပေးပါသည်။ လုပ်သား ၃ ဦးဖြင့် ထုတ်လုပ်လျက်ရှိပါသည်။

    အသုံးပြုသောသစ်သားမှာ ကုက္ကိုသားနှင့် ဘင်္ဂသားဖြစ်ပါသည်။ ကုက္ကိုသားတစ်တန်လျှင် ၆၀၀၀၀၀ ကျပ်ဖြင့် ဒေသတွင်းမှပင် ဝယ်ယူပါသည်။ ၁၀ လက်မ ဆွမ်းအုပ်တစ်လုံးအတွက် ကုန်ကျ စရိတ်ဖြစ်သည့် သစ်သားဖိုး၊ လက်ခနှင့် ဆေးဖိုးမှာ ၃၁၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးမှာ တစ်လုံးလျှင် ၃၄၀၀၀ ကျပ် ဖြစ်ပါသည်။ ၈ လက်မ အလတ်စားဆွမ်းအုပ်တစ်လုံးလျှင် ၂၅၀၀၀ ကျပ်၊ ၆ လက်မ အသေးစားဆွမ်းအုပ်တစ်လုံးလျှင် ၁၅၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ တစ်ရက်လျှင် လုပ်သား တစ်ဦးက ဆွမ်းအုပ် ၂ လုံး ထုတ်လုပ်နိုင်ပါသည်။

    ငရုတ်ဆုံ၊ ဇွန်းနှင့် ယောင်းမတို့ကို ဘင်္ဂသားဖြင့် ပြုလုပ်ရပြီး တစ်တန်လျှင် ၉၀၀၀၀ ကျပ် ပေးဝယ်ရပါသည်။ ပစ္စည်းများကို အရွယ်အစားမျိုးစုံ ထုတ်လုပ်ပါသည်။ ၁၆ လက်မ ယောင်းမ တစ်ချောင်း၏ ကုန်ကျစရိတ်မှာ ၄၆၅ ကျပ်ရှိပြီး ရောင်းဈေးမှ ၅၀၀ ကျပ်ဖြစ်ပါသည်။ တစ်ရက်လျှင် လုပ်သားတစ်ဦးက ယောင်းမ အချောင်း ၁၀၀ ထုတ်လုပ်နိုင်ပါသည်။

     ငရုတ်ဆုံမှာ သင်္ဘောသီးထောင်းသည့်အရွယ် အကြီးဆိုဒ် တစ်ပေပတ်လည်တစ်လုံးလျှင် ကျည်‌ပွေ့ အပါအဝင် ကုန်ကျစရိတ် ၃၆၀၀၀ ခန့်ရှိပြီး တစ်လုံးလျှင် ၄၀၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချပါသည်။ ၈ လက်မအရွယ်တစ်လုံးလျှင် ကုန်ကျစရိတ် ၁၀၀၀၀ ကျပ်ရှိပြီး ၁၃၀၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။ ၆ လက်မအရွယ်တစ်လုံးလျှင် ကုန်ကျစရိတ် ၆၀၀၀ ကျပ်ရှိပြီး ၈၀၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။

      ၎င်းသစ်သားအခြေခံ မီးဖိုချောင်သုံးပစ္စည်းမားကို ဖြူးမြို့၊ တောင်ငူမြို့နှင့် ပဲခူးမြို့များသို့ တင်ပို့ရောင်းချပြီး ဒေသတွင်းမှာယူပါက အိမ်အရောက်စနစ်ဖြင့် ပို့ဆောင်ပေးကြောင်း လုပ်ငန်းရှင် ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)