Main menu

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk (၅/၂၀၂၃) ဟောပြောဆွေးနွေးခြင်း

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး CICC ခန်းမ၌ (၁၁-၅- ၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှ နေ့လယ် (၁၂:၀၀) နာရီအချိန်ထိ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk (၅/၂၀၂၃) ပထမပိုင်း အသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဝန်ထမ်း (၁၈)ဦးတက်ရောက်ခဲ့ပါသည်။

       အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၆)၊ ပုဒ်မ(၃၀ မှ ၃၄ )ထိ ဦးစီးဌာနမှ ဘေးအန္တရာယ်ရှိသောကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်း၊ ဘေးအန္တရာယ်ရှိသောဝန်ဆောင်မှုကို တားမြစ်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပုံအဆင့်ဆင့်၊ ကော်မရှင်၊ ကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၁၇)၊ ပုဒ်မ(၃၅ မှ ၄၀)ထိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ စားသုံးသူက ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ထုတ်လုပ်ရောင်းချဖြန့်ဖြူးသည့် စီးပွားရေးလုပ်ငန်းရှင်များတွင်သာ တာဝန်ရှိကြောင်းသိရှိနိုင်ပါရန် ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်က စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုနိုင်သည့်ကာလ သို့မဟုတ် အာမခံချက်ပေးထားသည့်ကာလသက်တမ်းအတွင်း စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးနှင့် တောင်းဆိုနိုင်ခွင့်တို့ကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်က ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈ နှင့် ၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအား ရှင်းလင်းခြင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုကြောင့် သက်ဆိုင်ရာဦးစီးမှူးရုံးသို့တိုင်ကြားလာပါက သက်ဆိုင်ရာဦးစီးမှူးရုံး၏တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုအဆင့်ဆင့်တို့အား  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)