Main menu

တနင်္သာရီတိုင်းဒေသကြီး ငါးပိ၊ငါးခြောက်စျေးကွက်အခြေအနေ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းများဖြစ်သော ပင်လယ်ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်သဖြင့် ငါးပိ၊ ငါးခြောက်များ ထွက်ရှိရာဒေသဖြစ်ပါသည်။ မျှင်ငါးပိကို ပြုလုပ်ရာ၌ ငါးငယ်များကို ဖယ်ယူသန့်စင်ရပြီး ကွင်းပြင်များတွင် တစ်နေကုန်နေလှန်းရပါသည်။ မျှင်ခြောက်များအား ဒေသရိုးရာ လက်ထောင်းဆုံဖြင့် ပြုလုပ်လျက်ရှိသည်။ ငါးခြောက်ပြုလုပ်ရာတွင် ငါးအစိုကို ခွဲပြီး ဆားသိပ် နေလှန်းရပါသည်။

ထားဝယ်မြို့၊ ငါးပိ၊ငါးခြောက်စျေးကွက်တွင် ရောင်းချလျက်ရှိသော ငါးနီတူ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးကွင်းချပ် တစ်ပိဿာလျှင် ၇၀၀၀၀ကျပ်၊ ငါးဒေါင်းကျင်း တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊စာပလပ်ခြောက် တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်ရှိပြီး မျှင်ငါးပိ တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA (တနင်္သာရီ)