မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မဈေး၌ ကြက်သွန်နီများကို သရက်မြို့မှလည်းကောင်း၊ အခြားစားဖိုဆောင်သီးနှံများကို ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၃ခုနှစ်၊ မေလ (တတိယပတ်)တွင် ရောင်းချနေသော စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၆၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ငရုတ်သီး(ခြောက်)တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငရုတ်သီး(စို)တစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၂၉၀၀)၊ ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာလျှင် ကျပ်(၁၆၀၀)၊ ခရမ်းချဉ်သီး(ဗမာ)တစ်ပိဿာလျှင် ကျပ်(၂၅၀၀) စသည်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်မေလဒုတိယပတ်နှင့် နှိုင်းယှဉ်လျှင် ကြက်သွန်နီတစ်ပိဿာကို ကျပ်(၂၀၀)၊ အာလူးတစ်ပိဿာကို ကျပ်(၁၀၀)၊ ခရမ်းချဉ်သီး(ဗမာ) တစ်ပိဿာကို ကျပ်(၃၀၀)နှင့် ချင်းတစ်ပိဿာကို ကျပ်(၂၀၀) အတက်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးရောင်းချသူဒေါ်သန်းဌေးထံမှ သိရှိရပါသည်။
DOCA (မကွေး)