Main menu

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၃ခုနှစ်၊ မေလ တတိယပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၄၄၅၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၆၅၀ကျပ်၊ မနောသုခ တစ်ပြည် ၂၄၅၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၆၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၄၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၂၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၂၀၀ကျပ်မှ ၅၂၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၇၀၀ကျပ်မှ ၄၂၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက် လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၅၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၀၀၀ကျပ်မှ ၂၄၀၀ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၉၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

   ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၂၁၅ကျပ်မှ ၂၄၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော်ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၈၁၀၀ကျပ်မှ ၁၁၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၄၅၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၆၈၀၀ကျပ်မှ ၁၁၅၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၁၂၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရသည်။

    စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၃၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(ပြည်‌ထောင်စုနယ်မြေ)