မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှရရှိသော စိုက်ပျိုးရေဖြင့် နွေစပါးကိုစိုက်ပျိုးလျက်ရှိသည့်အပြင် ပိုလျှံသောဆည်သောက်ရေဖြင့် နွေနှမ်းများ စိုက်ပျိုးထားရှိရာတွင်လည်း အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။
ဆီထွက်သီးနှံကို နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး စိုက်ပျိုးကြကြောင်း၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားရှိသည့် နွေနှမ်းများမှာ နှမ်းနက်(ခေါ်)စမုံနက်နှမ်းမျိုးဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လဆန်းပိုင်းတွင် ရိတ်သိမ်း မည်ဖြစ်ကြောင်း၊ မြို့သစ်မြို့နယ်တွင် ယခုနှစ် (၂၀၂၂/၂၀၂၃) နွေနှမ်းစိုက်ဧကစုစုပေါင်း (၁၈၈၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၂၀၂၁/၂၀၂၂) ကထက် (၄၅၉)ဧက ပိုမိုစိုက်ပျိုးလာနိုင်ခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှလည်း စိုက်ကွင်းထဲ အရောက်သွားရောက်၍ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မကွေး)