Main menu

ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ချင်းဈေးနှုန်း

Powered by Drupal

ကယားပြည်နယ်တွင် ချင်းကို လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် ကယားပြည်နယ်၊ အနောက်ပိုင်းတွင်ရှိသော လွိုင်နန်းဖကျေးရွာ၊ ပန်ပက်ကျေးရွာ၊ လိုဘာခိုကျေးရွာ၊ ဒေါရောက်ခူ ကျေးရွာတို့မှ အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ချင်းကို ရှမ်းပြည်နယ်ရှိ ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ ဖယ်ခုံမြို့နယ်တို့မှလည်း မှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။ ချင်းကို ဟင်းခတ်အမွေးအကြိုင်အဖြစ် ရိုးရာအစားအစာများ၊ ဟင်းလျာများတွင် အသုံးပြုမှုများသဖြင့် ပြည်နယ်အတွင်း စားသုံးမှုများလည်းရှိပါသည်။

 ၂၀၂၃ခုနှစ်၊ မေ(တတိယပတ်)တွင် ဈေးကွက်အတွင်း ဒေသထွက်ချင်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လတွင် ဒေသထွက်ချင်း တစ်ပိဿာလျှင် (၃၆၀၀)ကျပ်ခန့်သာ ရှိခဲ့ကြောင်း၊ ယခင်လနှင့်ယခုလနှိုင်းယှဉ်လျှင် ဒေသထွက် ချင်းတစ်ပိဿာလျှင်(၄၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ချင်းစိုက်တောင်သူများ စိုက်ဧကအနည်းငယ်သာစိုက်ပျိုးနိုင်ပြီး အချို့နေရာများတွင် အချိန်မီတူးဖော်နိုင်မှုမရှိခြင်း၊ ထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်ကြောင်း သီရိမင်္ဂလာဈေးရှိ ဒေသထွက်ဂျင်း ရောင်းချသူတစ်ဦး၏‌ ပြောကြားချက်အရ သိရှိရပါသည်။

 DOCA (ကယား)