Main menu

မိတ္ထီလာစျေးကွက်တွင် ကြက်သွန်နီစျေးငြိမ်နေ

Powered by Drupal

     မိတ္ထီလာစျေးကွက်မှ ၂၀၂၃ ခုနှစ်၊ မေလလယ်အတွင်း ကြက်သွန်နီကို ရန်ကုန်သို့ တင်ပို့မှုနည်းပြီး ပဲခူးသို့ ပုံမှန်တင်ပို့ခဲ့ပါသည်။ မြဝတီသို့ လက်ကျန်အမှာကုန်များ တင်ပို့ပါသည်။ ယခုတစ်ပတ်အတွင်း ရန်ကုန်သို့ (၁၂) ဘီးကားနှင့် အခြားကုန်များနှင့်ရော၍ ကုန်ချိန်ပိဿာ (၆၀၀၀)ခန့် တင်ပို့ခဲ့ပါသည်၊၊ ပဲခူးသို့ ကုန်ချိန် (၆၀၀၀) ပါ (၆) ဘီးကား တစ်ရက်တစ်စီး တင်ပို့ခဲ့ပြီး မြဝတီသို့ ကုန်ချိန် ပိဿာ (၁၀၀၀၀) ဆံ့ (၁၂) ဘီးကား တစ်ပတ်အတွင်း တစ်စီးတင်ပို့ခဲ့ပါသည်။ ကြက်သွန်နီစျေးမှာ လက္ကားစျေး တစ်ပိဿာ ၂၀၀၀ ကျပ်ဖြင့် စျေးငြိမ်နေပါသည်။ ကုန်တင်ခများမှာလည်း စျေးငြိမ်နေရာ တစ်ပိဿာလျှင် ရန်ကုန်သို့ (၁၁၀) ကျပ်၊ ပဲခူးသို့ (၁၀၀) ကျပ်နှင့် မြဝတီသို့ (၁၅၀) ကျပ်တို့ဖြင့် စျေးငြိမ်နေကြောင်း သိရသည်။

DOCA(မန္တလေး)