ကယားပြည်နယ်တွင် အုတ်ရိုက်လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အသုံးပြုလျက်ရှိသော ဘိလပ်မြေကို အခြားဒေသများမှ တင်သွင်းကြပြီး (၁.၅.၂၀၂၃) ရက်နေ့မှ (၁၄.၅.၂၀၂၃) ရက်နေ့အတွင်း ဘိလပ်မြေအိတ်ပေါင်း (၁၀၆၉၀)အိတ် တင်သွင်းလာကြောင်း မြို့ဦးဂိတ် စာရင်းများအရ သိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့်လည်း ယခုအပတ်အတွင်း Apache ၊ KBZ ၊ Dragon တစ်အိတ်လျှင် (၁၀၅၀၀)ကျပ်ဖြင့် အရောင်းဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache ၊ KBZ ၊ Dragon တစ်အိတ်လျှင် (၃၀၀)ကျပ်ဖြင့် အသီးသီး ကျဆင်းလာကြောင်း လွိုင်ကော်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။
DOCA(ကယား)