Main menu

HighLight News

Powered by Drupal

ဈေးကွက်မရောက်မီကုန်စည်များဖြစ်သော “ရွှေတောင်ထိပ်”အမှတ်တံဆိတ် လက်ဖက်နှင့် အကြော်စုံ လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(  ၁၇ )ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင်  ဈေးကွက်မရောက်မီကုန်စည်ဖြစ်သော ဖျာပုံမြို့၊ နေသူရိန်လမ်းရှိ  “ရွှေတောင်ထိပ်” အမှတ်တံဆိပ် လက်ဖက်နှင့် အကြော်စုံအား ဘေးအန္တရာယ်ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/ မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရးဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူပြည်သူများအား အန္တရာယ်မဖြစ်ပေါ်ရေး၊ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာစာသားများဖော်ပြပါရှိရေး၊ သက်တမ်းကုန်ဆုံးရက်များထည့်သွင်းရေးသားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံ မြို့မဈေးကြီးအတွင်း စားသုံးဆီအရောင်းဆိုင်များ ညွှန်ကြားချက်နှင့် အညီရောင်ချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဉီးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ဖျာပုံမြို့မဈေးကြီး အတွင်းရှိ စားသုံးဆီအရောင်ဆိုင်များတွင် ညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ရောင်ချနေသောစားအုံးဆီအရောင်းဆိုင်များတွင် ရက်စွဲအလိုက် ဈေးနှုန်းဆိုင်းဘုတ်ချိတ်ဆွဲထားရှိမှုအခြေအနေ ရှိ/မရှိ၊ ဆီအချိန်အတွယ်မှန်ကန်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များအနေဖြင့် ရောင်းဝယ်ရာတွင် ကိန်းဂဏန်းများတိတိကျကျ ဖော်ပြရန်လိုကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီကုန်စည်များဖြစ်သော “ပြည့်ပြည့်ဝင်း”အမှတ်တံဆိတ် လက်ဖက်နှင့် အကြော်စုံ လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်မရောက်မီကုန်စည်ဖြစ်သော ဖျာပုံမြို့၊ နေသူရိန်လမ်းရှိ  “ပြည့်ပြည့်ဝင်း” အမှတ်တံဆိပ် လက်ဖက်နှင့် အကြော်စုံအား ဘေးအန္တရာယ်ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/ မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရးဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူပြည်သူများအား အန္တရာယ်မဖြစ်ပေါ်ရေး၊ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာ စာသားများဖော်ပြပါရှိရေး၊ သက်တမ်းကုန်ဆုံးရက်များထည့်သွင်းရေးသားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို အသိပညာပေး

        (၂၀.၉.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် အသိပေး ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

         ပြောကြားဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦး‌ဇော်မင်းက ပန်းတနော် စားအုန်းဆီ လက္ကားလက်လီဖြန့်ဖြူးသည့် ကိုယ်စားလှယ်များအား နေ့စည် ရောင်းချပေးသည့် ဆီရောင်းချမှုစာရင်းများ မှန်ကန်မှုရှိစေရေး၊ ဖြန့်ဖြူးသည့်စားအုန်းဆီများအား စားသုံးသူများထံသို့ မှန်ကန်ပြည့်ဝစွာ ရောက်ရှိစေရေး၊ ဆီအုန်းဆီထုတ်ယူခွင့် ဆီစာအုပ်များဖြင့်ဖြန်ဖြူးရောင်းချရာတွင် အဆင်ပြေချောမွေ့စွာရောင်းချစေရေး၊ သတ်မှတ်ထားသည့်ဒေသစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး၊ ရရှိသောစားအုန်းဆီခွဲတမ်းများအား သိုလှောင် ထားမှုမရှိဘဲ အပြည့်အဝရောင်းချစေရေး၊ အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့ ကိုအသိပညာ ပေးပြောကြားခဲ့ပြီး သတ်မှတ်စည်ကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး ဆီရောင်းချသူ လက်ကား/ လက်လီ လုပ်ငန်းရှင် ၂၅ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် အွန်လိုင်းမှတ်ပုံတင် လျောက်ထားသူအား မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

         (၂၀.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်မှ အွန်လိုင်းမှတ်ပုံတင်လျောက်ထားသည့် ပိုးဝတီချည်ထည်လက္ကားပင်ရင်းလုပ်ငန်းအား မှတ်ပုံတင်ထားသည့်အချက်အလက်များနှင့်ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်း စစ်ဆေးရေးအရာရှိက ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက်၊ အနော်ရထာလမ်းရှိ ပိုးဝတီအထည် လက်ကားပင်ရင်းဆိုင်မှ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းအတွက် မှတ်ပုံတင်လျောက်ထားရာ အချက်အလက်များအတိုင်း မှန်ကန်မှုရှိ/မရှိကို စစ်ဆေးခြင်း၊ စစ်ဆေးရေးအရာရှိမှ စစ်ဆေးရန်သတ်မှတ်ချက်များအတိုင်း လုပ်ငန်းခွင်၏ ရောင်းချမှုကုန်စည်များကို စစ်ဆေးခဲ့ပြီး အွန်လိုင်းရောင်းချခြင်းနှင့်ပတ်သက်၍ အမိန့်ကြေငြာစာပါ အချက်အလက်များကို လုပ်ငန်းရှင်သိရှိနိုင်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို အသိပညာပေး

         (၂၀.၉.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် အသိပေးပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

        ပြောကြားဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦး‌ဇော်မင်းက ပန်းတနော် စားအုန်းဆီ လက္ကားလက်လီဖြန့်ဖြူးသည့် ကိုယ်စားလှယ်များအား နေ့စည် ရောင်းချပေးသည့် ဆီရောင်းချမှုစာရင်းများ မှန်ကန်မှုရှိစေရေး၊ ဖြန့်ဖြူးသည့်စားအုန်းဆီများအား စားသုံးသူများထံသို့ မှန်ကန်ပြည့်ဝစွာ ရောက်ရှိစေရေး၊ ဆီအုန်းဆီထုတ်ယူခွင့် ဆီစာအုပ်များဖြင့်ဖြန်ဖြူးရောင်းချရာတွင် အဆင်ပြေချောမွေ့စွာရောင်းချစေရေး၊ သတ်မှတ်ထားသည့်ဒေသစျေးနှုန်းများဖြင့်ရောင်းချမှုရှိစေရေး၊ ရရှိသောစားအုန်းဆီခွဲတမ်းများအား သိုလှောင်ထားမှုမရှိဘဲ အပြည့်အဝရောင်းချစေရေး၊ အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့ ကိုအသိပညာပေးပြောကြားခဲ့ပြီး သတ်မှတ်စည်ကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး ဆီရောင်းချသူ လက်ကား/ လက်လီ လုပ်ငန်းရှင် ၂၅ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ကျေးရွာများအား စားအုန်ဆီထုတ်ယူခွင့်စာအုပ်များ သတ်မှတ်စည်ကမ်းနှင့်အညီ ရောင်းချနိုင်ရေးပေးအပ်

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ် တာဝန်ခံတို့သည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများအား (၂၀-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစာရေးများကို စားအုန်းဆီထုတ်ယူခွင့် စာအုပ်များပေးအပ်ခဲ့ကြောင်း သိရသည်။

       ကျေးရွာနေပြည်သူများ စားအုန်းဆီဝယ်ယူခွင့်ရရှိစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မအူပင်ခရိုင်ဦးစီးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ ကျေးရွာများအလိုက် စားအုန်းဆီထုတ်ယူခွင့် စာအုပ်များကို အိမ်ထောင်စုအလိုက် စနစ်တကျပေးအပ်ရန်၊ ရောင်းချပေးသော ဆီစျေးနှုန်များကို မှန်ကန်စွာရောင်းချပေးရန်၊  စားသုံးသူများ ဝယ်ယူသည့်အခါ အခက်အခဲမရှိစေရေး သတ်မှတ်စည်ကမ်းများကို သိရှိနားလည်နိုင်ရေး အသိပေးပြောကြားပြီး ပြည်သူလက်ဝယ်သတ်မှတ်ဆီများ ရောက်ရှိစေရေး စနစ်တကျရောင်းချပေးရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်၊ သကန်ဝကျေးရွာရှိ အိမ်ထောင်စုများအား စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်ဖြန့်ဝေပြီးစီးမှုခြေနေ

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၊ ညနေ (၁၅:၀၀) သကန်ဝကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်ကော်မတီအဖွဲ့ဝင်များလက်ဝယ်သို့ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်(၉၇၀)အုပ် ပေးအပ်ခဲ့ပါသည်။

         အဆိုပါစာအုပ်ဖြန့်ဝေမှုနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချခြင်းနှင့် အလေးအချိန်မှန်ကန်မှုရှိစေရေး၊ အိမ်ထောင်စုဝင်တိုင်း  စားသုံးဆီအပြည့်အဝရရှိစေရေး၊ ဆောင်ရွက်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ၊ အောက်ကွင်းကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့၊  နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက အောက်ကွင်းကျေးရွာရှိ စားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

      အဆိုပါတွေ့ဆုံပြောကြားရာတွင် အောက်ကွင်းကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီအမှန်တကယ်ရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး အောက်ကွင်းကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ၊ သဲအိမ်တမံကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့၊  နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက သဲအိမ်တမံကျေးရွာရှိ စားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

       အဆိုပါတွေ့ဆုံပြောကြားရာတွင် သဲအိမ်တမံ ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး သဲအိမ်တမံကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News