Main menu

HighLight News

Powered by Drupal

အုတ်တွင်းမြို့နယ်တွင် စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့် တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည်(၂၃.၁.၂၀၂၆) ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်ကျေးရွာ ခပေါင်းဈေးနှင့် ဈေးပြင်ပ ကုန်စုံဆိုင်များတွင် စားသုံးဆီရောင်းချမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ မြို့နယ်တာဝန်ခံသည် အုတ်တွင်းမြို့ရှိ ဘိုလေးကုန်စုံဆိုင်နှင့် ကွမ်းမင်းသား ကုန်စုံဆိုင်များသို့ သွားရောက်၍ ရည်ညွှန်းဈေးဖြင့်ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား ပြန်လည်ရောင်းချမှု အခြေအနေများ၊ အမှတ်တံဆိပ်ပါ စားသုံးဆီရောင်းချမှုအခြေအနေများကို စောင့်ကြည့်စစ်ဆေးပြီး ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

            မြို့နယ်တာဝန်ခံသည် ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား သယ်ယူစရိတ်ပေါင်း၍ နှစ်ရာခိုင်နှုန်းထက်မပိုသောအမြတ်ဖြင့် စားသုံးသူပြည်သူများ လက်ဝယ်သို့ ဈေးနှုန်းမှန်၊ အလေးချိန်မှန်ကန်စွာရောင်းချရေး၊ အမှတ်တံဆိပ်ပါစားသုံးဆီများ ရောင်းချရာတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့် အညီ ဖော်ပြထားသော စားသုံးဆီများကိုသာ ရောင်းချရေးတို့ကို အသိညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်တွေ့ဆုံ

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်သည် ခရိုင်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ အုတ်တွင်းမြို့နယ်တာဝန်ခံတို့နှင့် အတူ (၂၃.၁.၂၀၂၆)ရက်နေ့၊ နေ့လယ်ပိုင်းက တောင်ငူခရိုင်၊ အုတ်တွင်းမြို့ရှိ ဟိဏ်းကမ္ဘာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်၍ မြေပြင်အခြေအနေများကို စစ်ဆေးကြည့်ရှုပြီး လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ဒုတိယခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မှတ်ပုံတင်ထားရှိမှုနှင့် မြေပြင်အခြေအနေများကို စစ်ဆေးကြည့်ရှုရာ လုပ်ငန်းရှင် ဒေါ်ရွှေဝါစိုးက ရှင်းလင်းပြသပါသည်။ ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် အလေးထားဆောင်ရွက်ရန်၊ မှတ်ပုံတင်ထားရှိသည့် ကုန်စည်အမျိုးအစားများကိုသာ ရောင်းချရေးညွှန်ကြားချက်ကို အလေးထား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ပါသည်။

           ဟိဏ်းကမ္ဘာ ဖိနပ်နှင့်အိတ်အမျိုးမျိုး အရောင်းဆိုင်သည် အိတ်၊ ဖိနပ်နှင့် ဖက်ရှင်အသုံး အဆောင်ပစ္စည်းများကို အုတ်တွင်းမြို့၊ ပဲခူးလမ်းရပ်ကွက်၊ နဝဒေးလမ်းတွင် ဆိုင်ဖွင့်လှစ်ရောင်းချသည့်အပြင်  အွန်လိုင်းစနစ်ဖြင့်လည်းရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့ ရွှေပြည်သစ် မုန့်ဖတ်ခြောက်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် (၂၃.၁.၂၀၂၆)ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာရှိ ရွှေပြည်သစ် မုန့်ဖတ်ခြောက်လုပ်ငန်းသို့ သွားရောက်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           မြို့နယ်တာဝန်ခံသည် မုန့်ဖတ်ခြောက်လုပ်ငန်းခွင်အတွင်း အခြောက်လှမ်းစင်တွင် အခြောက်ခံထားရှိမှု၊ မုန့်ခြောက်များအား စနစ်တကျချိန်တွယ်ပြီး ထုပ်ပိုးမှု၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားရှိမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

           ရွှေပြည်သစ် မုန့်ဖတ်ခြောက်လုပ်ငန်းသည် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာတွင်ရှိပြီး ပြည်တွင်းဈေးကွက်တွင်ဖြန့်ဖြူးလျက်ရှိကြောင်း၊ စပါးခွံဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေး စက် (Gasifire Power Plant) တပ်ဆင်ထားပြီး လုပ်သားအင်အား ၅၀ ဦးဖြင့် လုပ်ငန်းဆောင် ရွက်ကြောင်း၊ မိုးတွင်းကာလတွင် ရာသီဥတုအခြေအနေကြောင့် ထုတ်လုပ်မှုအားနည်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများအား အသိပညာပေးဟောပြောခြင်းများကို (၂၆.၁.၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ ဈေးရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကသစ်တန်း အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

              ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ဆိုင်ရာဗဟုသုတကို ဟောပြောခဲ့ကြောင်းနှင့် အလက (ခွဲ) ဈေးရပ်ကွက် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၅၀ ဦးနှင့် အမက(လွန်) ကသစ်တန်း ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၃၅ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်တွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆောင်ရွက်

             ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဇော်ထွန်းသည် သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ ငဖြူကလေးကျေးရွာအနီးရှိ မီးနင်းချောင်းစစ်ဆေးရေးဂိတ်တွင် အလှည့်ကျတာဝန်အဖြစ် ၁၅.၁.၂၀၂၅ ရက်နေ့မှ ၂၁.၁၂.၂၀၂၅ ရက်နေ့အထိ တရားမဝင်ကုန်သွယ်ရေး တာဆီးရေးတာဝန်အား ထမ်းဆောင်ခဲ့ပါသည်။

          အဆိုပါတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး တာဆီးဆောင်ရွက်မှုအား သာယာဝတီ ခရိုင်ရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦးနှင့်အတူ ပူးပေါင်းအဖွဲ့ဝင်များဖြစ်သော  စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိမ်းရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့တွင် 10g အောက် အလှကုန်ပစ္ဏည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၃ရက်နေ့တွင် ဘူတာရုံလမ်းဈေးအပြင်ဘက် မိုမိုကုန်အလှကုန်ဆိုင်၊ လမ်းမတော်လမ်း ဦးဇေယျာကြီးစတိုးဆိုင်နှင့် ကျောင်းကြီးလမ်းရှိ Orchid အလှကုန်ဆိုင် စုစုပေါင်းဆိုင် (၃) ဆိုင်တို့အား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည်  (10)g အောက်အလှကုန်ပစ္စည်းအမျိုးမျိုးတို့၏ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါရှိမှု ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ရောင်းချသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါလုပ်ငန်းများ၏ တာဝန်များကိုသိရှိနိုင်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားဌာန ဆိုင်ရာများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၁ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လက်ပံတန်းမြို့၊ လက်လီ/ လက်ကားဆီဆိုင်များသို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ စားအုန်းဆီရောင်းချမှုဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ဗီနိုင်းများချိတ်ဆွဲထားမှု့ရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့၌ စားအုန်းဆီအရောင်းဆိုင်များရည်ညွှန်း ဈေးနှုန်းနှင့် အညီရောင်းချရေး ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို ခရိုင်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ/ မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/ မရှိ၊ ဆီစာအုပ်များကို စနစ်တကျထုတ်ပေးရေးနှင့် ရရှိသော ဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်။

       သာယာဝတီမြို့နယ်အနေဖြင့် မြို့ပေါ် (၂၂)ရပ်ကွက်၊ကျေးးရွာအုပ်စု ၄၈ အုပ်စုရှိပြီး အိမ်ထောင်စုတစ်စုကို ဆီစာအုပ်တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ် (၁)ဦး၊လက်လီအရောင်း ၃၃ဆိုင်မှ တစ်လလျှင် ဆီပိဿာပေါင်း (၅၆၃၂၀) ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်းနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများနှင့် သာရေးနာရေးဆိုင်ရာ ကိစ္စရပ်များအတွက်ကိုလည်း တစ်လတစ်ကြိမ် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူပေါင်း၍  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၃) ရက်က ကဝမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကား ရောင်းချနေသောဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုများကို သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ မှန်ကန်မှု ရှိ၊ မရှိ ကြည့်ရူစစ်ဆေးသည်။

          ထိုသို့ ကြည်ရူစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှု ဦးစိုးမိုး၊  တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမိုးသက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှု ရှိ/ မရှိ မြို့ပေါ်ရပ်ကွက်များရှိ လက်လီ/ လက်ကား ကိုယ်စားလှယ်အရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိတ်ဖက်ဌာနများနှင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

                  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (တောင်ပိုင်းခရိုင်)၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ရုံးရှိ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါ၍  သန်လျင်မြို့နယ်၊ စည်ပင်သာယာမြို့မဈေးတွင် စားသောက်ကုန်အမျိုးမျိုး ရောင်းချနေသောဆိုင်များရှိ စားသောက်ကုန်များတွင် ခွင့်မပြုဆိုးဆေး ပါဝင်မှုရှိ/ မရှိနှင့်  ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးအမျိုးမျိူးတို့တွင် သက်တမ်းကျော်လွန်ခြင်းရှိ/ မရှိ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါဝင်ခြင်းရှိ/ မရှိ၊ စပ်ဆေးများ‌ရောင်းချမှုရှိ/ မရှိ၊ ဆေးဆိုင်လိုင်စင်များရှိ/ မရှိတို့ကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသင့်ထုပ်ပိုးထားသော အစားအသောက်များနှင့် ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအားလိုက်နာဆောင် ရွက်သွားရန်နှင့် ဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News