Main menu

HighLight News

Powered by Drupal

ကန့်ဘလူမြို့နယ်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့၏ ကျက်သရေဆောင် မဟာရွှေစည် ကြီးစေတီတော်(၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖေါ်ဝါရီလ ၁၂ရက်မွန်းလွဲ ၁၄:၀၀နာရီက အဆိုပါစေတီတော် မဟာဗောဓိညောင်ပင်ကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

              အဆိုပါထမနဲထိုးပြိုင်ပွဲတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအသင်းများ၊ ရပ်ကွက်အသင်း များ စုစုပေါင်း ၁၁ သင်းပါဝင်ယှဉ်ပြိုင်ကြကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ထမနဲထိုးပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူးအဖြစ်လည်း ကောင်း၊ အမှတ်ပေးဒိုင်ချုပ်အဖွဲ့တွင်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ရှေးဦးစွာ အမှတ် ပေးဒိုင်အဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများ၏ ပြင်ဆင်ထားရှိမှုများကို အကဲဖြတ်စစ်ဆေးပြီး ထမနဲထိုးပြိုင် ပွဲကိုစတင်ယှဉ်ပြိုင်ကြကြောင်း၊ ထမနဲထိုးပြိုင်ပွဲအပြီးတွင် ဆုရရှိသောအသင်းများအား တာဝန်ရှိသူ များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

             အဆိုပါထမနဲထိုးပြိုင်ပွဲသို့ နည်းဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ထမနဲထိုးပြိုင်ပွဲအား လာရောက်အားပေးသူများ၊ ရပ်ကွက်နေပြည်သူများက အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် တစ်ခဲနက်လာရောက် အားပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့နယ်တွင် သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

             ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီး ဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ယောနသန်”သောက်ရေသန့်စက်ရုံသို့ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

          ရေသည် လူတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်နေသည့်    အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားကြောင်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ် ငန်းရှင်၏တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီ/လက္ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက်(၁၀:၀၀)နာရီတွင် ကန့်ဘလူမြို့ နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့ပေါ်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်း ချပေးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         မြို့နယ်တာဝန်ခံမှ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ် ကခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်း ချပေးလျှက်ရှိကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိစားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၁၈)ပေပါ(သို့)ပိဿာ ၁၉၈၀ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/ လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ငရုတ်ဆီနှင့် အချဉ်ရည်အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်း ဖော်ပြရေးအတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်   စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၁၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အောင်ရတနာ(၂) ကုန်မျိုးစုံရောင်းဝယ်ရေး ဆိုင်ရှိ ငရုတ်ဆီနှင့် အချဉ်ရည်အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ၎င်းဆိုင်တွင်ရောင်းချသည့် ငရုတ်ဆီနှင့်အချဉ်ရည် အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ထားထား သည်ကို တွေ့ရှိရသည့် အတွက် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊  ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့် အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆပ်ပြာရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်း ဖော်ပြရေးအတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေး ရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်  စားသုံးသူရေးရာဌာနခွဲ တာဝန်ခံတို့သည် (၁၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အောင်ရတနာ(၁) ကုန်မျိုးစုံရောင်းဝယ်ရေး ဆိုင်ရှိ ဆပ်ပြာအရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ၎င်းဆိုင်တွင်ရောင်းချသည့် ဆပ်ပြာအရည် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ထားထားသည် ကိုတွေ့ရှိရသည့်အတွက် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ဆပ်ပြာအရည်အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းနှင့် ဓါတ်မတည့် ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်း စရာများ အသိပညာပေးဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စည်သွပ်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်း ဖော်ပြရေးအတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်  စားသုံးသူ ရေးရာဌာနခွဲတာဝန်ခံတို့သည် (၁၁.၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ မြင့်ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်ရှိ စည်သွပ် အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ၎င်းဆိုင်တွင်ရောင်းချသည့် စည်သွပ်အစားအစာ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ထားထားသည်ကိုတွေ့ရှိရသည့်အတွက်       ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း အကြောင်း များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊  စည်သွပ်အစားအစာအမျိုးမျိုးတွင် ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့် အကြောင်းများ၊ စားသုံးသူများ သာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်ထိုမြို့နယ်တွင် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

           ၁၀.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းသည် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

          ထိုဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးယုဝေက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီး ဌာနမှ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသုံးပြုပုံ များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ် လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်မည့်နေရာ၊ တိုင်ကြားနိုင်မည့်နည်းလမ်းများအကြောင်းတို့အား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်တွင် အလှကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဈေးကွက်ကွင်းဆင်း

          ၁၁.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှဝန်ထမ်းများသည် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်တွင် အလှကုန်ပစ္စည်း အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အလှကုန်ဆိုင်များတွင် ရောင်းချနေသော Miss ရေချိုးဆပ်ပြာရည်၊ Spa (Body Lotion) ၊ Mistin (Body Lotion) ၊ Vaseline (Body Lotion) တို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုများနှင့်ပတ်သက်၍ ပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

            ၁၃.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်း၌ စားအုန်းဆီလက်ကား လက်လီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးမှ စားအုန်းဆီလက်ကား လက်လီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို အရေအတွက်မှန်၊ အလေးချိန်မှန်၊ ဈေးနှုန်းမှန်ဖြင့် ပြည်သူများထံရောက်ရှိရန် ဆောင်ရွက်စေလိုကြောင်း၊ ဖြန့်ဖြူးရောင်းချပေးသည့် စားအုန်းဆီများကို အမြတ် ၂% ကို တွက်ချက်ခွင့်ပြုထားပြီး လက်ကား၊ လက်လီ အဆင့်ဆင့် ဖြန့်ဖြူးရောင်းချရာတွင် သယ်ယူခ၊ လုပ်သားခများ အပါအဝင် ရောင်းချသူမနစ်နာစေရန် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရမည်ဖြစ်ကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများ ပါဝင်သော မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဖြင့် ပူးပေါင်း၍ စားအုန်းဆီလက်ကား၊ လက်လီ အရောင်းဆိုင်များ၌ စားအုန်းဆီများအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ အပတ်စဉ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော စားအုန်းဆီ ဖြန့်ဖြူးရောင်းချ သည့်လုပ်ငန်းရှင်များမှလည်း အခက်အခဲရှိပါက တင်ပြစေလိုကြောင်းပြောကြားခဲ့ပြီး  လုပ်ငန်းရှင်များမှ မိမိတို့အခက်အခဲများကို ပြန်လည်တင်ပြကြပြီး အစည်းအဝေးကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News