Main menu

HighLight News

Powered by Drupal

တောင်ငူခရိုင်ဦးစီးမှူး ကုန်မျိုးစုံလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံ

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အောက်တိုဘာလ (၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် တောင်ငူမြို့ပေါ်ရှိ ကုန်မျိုးစုံလက်လီ/ လက်ကားရောင်းချသူများနှင့် တွေ့ဆုံပြီး ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်ထုတ်ပြန်ခြင်းနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ထုတ်ပြန်ခြင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

            ရှေးဦးစွာ ခရိုင်ဦးစီးမှူးသည် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က အမိန့်အမှတ်(၂/၂၀၂၄)ဖြင့် ထုတ်ပြန်သည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်တွင် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် လိုက်နာရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

                ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ဖြင့် ထုတ်ပြန်သည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန့်အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားပြီးမှလုပ်ကိုင်ရန်နှင့် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပါသည်။

              ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၂၀)ဦး တက်ရောက် ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ မူလွန်ကန်တော်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

            စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ တောင်ငူခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် အောက်တိုဘာလ(၂၄) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ရှိ ကန်တော်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာ ပေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဌာနပေါ်ပေါက်လာပုံနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားပါသည်။

             ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်ခြင်းများနှင့် ဖြေရှင်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၁၅၃) ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့မဈေးတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း(၁၁:၃၀)နာရီအချိန်တွင် ဖြူးမြို့မဈေးနှင့် ဆေးဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

               ပူးပေါင်းအဖွဲ့သည် ဖြူးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများ၌ ခွင့်မပြုဓါတုဆေးများပါဝင်မှုရှိ/ မရှိနှင့် ရက်လွန်/ မလွန်ကိုလည်းကောင်း၊ ဖြူးမြို့ပေါ်ရှိ ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိကိုလည်းကောင်း စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန် ဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များအား အသိပညာပေးပြောကြားခဲ့ပါသည်။

              ဈေးကွက်စောင့်ကြည့်စစ်ဆေးရာသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သူသူဟန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးမင်းနိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၂) ဦးဇင်ဖြိုးကျော်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးကျော်ကျော်ထွန်းတို့ ဦးဆောင်သော သက်ဆိုင်ရာဌာနဆိုင်ရာများမှဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့ အမက(လွန်)မြို့မ(၁)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

            အခြေခံပညာကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့်အတူ အောက်တိုဘာလ (၂၃) ရက်နေ့ နံနက်ပိုင်း(၁၀:၀၀)နာရီအချိန်က ဖြူးမြို့ မြို့မ(၁)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။

             ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းသည် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

             ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဆိုင်ရာအသိပညာပေးဟော​ပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ  (၁၂၀) ဦး တက်ရောက်ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံသည် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသည့် အသင့်စားမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း   သိရှိရပါသည်။

DOCA(ပဲခူး)

ဂန့်ဂေါမြို့ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ရှိ မုန့်ဈေးတန်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဂန့်ဂေါမြို့ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချနေသော အစားအသောက်နှင့် မုန့်များတွင် ဆိုးဆေးပါရှိသောမုန့်များ၊ သက်တမ်းလွန်မုန့်များ၊ မသန့်ရှင်းသော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသုပ်မျိုးစုံရောင်းချရာတွင်လည်း သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန်၊ မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သနပ်ပင်မြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၃.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သနပ်ပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသောကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၈.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ် ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

            ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ် မှန်ကန်စွာ ရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

           နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၉.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍  ပေါင်းတည်မြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် ဆေးဝါးရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်‌ဆေးရာ၌ ဆီသွပ်ဗူးများတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာမှန်ကန်စွာ ပါဝင်ခြင်းရှိ/ မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ခြင်းမရှိပါက ရောင်းချခြင်းမပြုရန်နှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ တိုင်းရင်းဆေးဝါးများတွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိ တို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား စားသုံးသူပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ကြစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို နိုင်ငံအဝှမ်းဆောင်ရွက်လျက်ရှိရာ (၂၂.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းသည် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)ရှိ ပညာရိပ်မြုံခန်းမ၌ ကျင်းပပြုလုပ်သည့် ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၂၄၀)ဦးတို့အား ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များထဲမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ ဖွင့်လှစ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်းဆွေးနွေး

             စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အတွင်း ပြည်မြို့တွင် နဝဒေးရပ်ကွက်၊ နီလာလမ်းရှိ ဦးဖုန်းမြင့်အောင်၏ ဆန်မရွေးလုပ်ငန်းသို့လည်းကောင်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ဦးဘမောင်၏ပရဆေးဆိုင်သို့လည်းကောင်း၊ မြို့သစ်(၁၃)လမ်းရှိ ဦးဇေယျာဘုန်းမြင့်၏ စန်းကမ္ဘာဆန်ဆိုင်သို့လည်းကောင်း၊ မြို့သစ်(၃/ ၂)လမ်းထိပ်ရှိ ဦးဝင်းကျော်၏ ရွှေပိတောက်ဆန်ဆိုင်သို့လည်းကောင်း၊ မြို့သစ်(၃/၉)လမ်းရှိ ဦးဝေဖြိုးအောင်၏ နှင်းဥခင်ဆန်ဆိုင်သို့လည်းကောင်း၊  ရွှေတောင်မြို့တွင်မင်းရပ်တန်းလမ်း၊ ယွန်းတန်းရပ်ကွက်ရှိ ဦးကျော်ကျော်ဌေး၏ အောင်ချမ်းသာဆန်စက်သို့လည်းကောင်း၊ ယွန်းတန်းရပ်ကွက်၊ ပျော်ဘွယ်တန်းလမ်းရှိ ဦးကျော်ကျော်ဝင်း၏ ကေဝိုင်းဆီစက်သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News