Main menu

HighLight News

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       (၉.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အမှတ်(ဘီ)၊ ဃ/၁၂၊ သီတာလမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ MH Vine Fashion & Clothing လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီ မှုရှိ/ မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းရောင်းချသည့်လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

 စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည်(၉.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၉:၁၅)နာရီအချိန်တွင် အမှတ်(၅၂၈)၊ လေးလမ်းမြောက်လမ်း၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် နုကော်လက်ရှင် လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားသည့် အချက်အလက်များနှင့်  ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှေက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Chue Htet Moe လူသုံးကုန်ပစ္စည်းလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       (၉.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် ဒါးပိန်တောင်ကျေးရွာအုပ်စု၊ တိုက်ကြီးစုရပ်ကွက်၊ လှည်းကူးမြို့နယ်ရှိ Chue Htet Moe လူသုံးကုန်ပစ္စည်းလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးက Chue Htet Moe ပိုင်ရှင် ဒေါ်ချူးထက်မိုးနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/ မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးကွက်အတွင်းရှိ အသင့်သောက်အချိုရည်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း 

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး)နှင့်ဝန်ထမ်းများသည်၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ One Stop Kitchen တာဝန်ခံနှင့်တွေ့ဆုံ၍ Kitchen Mark အတွင်း ရောင်းချလျက်ရှိသော အသင့်သောက်များတွင်အချိုရည်ဗူးများတွင်   ကုန်အညွှန်းအမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်များတွင်အချိုရည်ဗူးများဖြစ်သော  SPEED အားဖြည့်အချိုရည်၊ Royal D သီးစုံဓါတ်ဆား အားဖြည့်အချိုရည်၊ Max + အချိုရည်၊ PEPSI  ကိုလာအချိုရည်၊ Sunkist အချိုရည်၊ SHARK အားဖြည့်အချိုရည် Sprite အချိုရည်စသည့်အမှတ်တံဆိပ်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေး ချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ဖော်ပြချက်စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလိုဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကလိုဗာ ၂ အလှကုန်ပစ္စည်းအမျိုးမျိုး Online shop အား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၉.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည်  ကလိုဗာ ၂ အလှကုန်ပစ္စည်းအမျိုးမျိုး Online shop အား သင်္ဂဟလမ်း၊ ကျောက်မြောင်းအထက် ရပ်ကွက်၊ တာမွေမြို့နယ်သို့သွားရောက်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ၊ လုပ် ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိစစ်ဆေးခဲ့ပြီး အလှကုန်ပစ္စည်းများတွင် အမျိုးအမည်၊ ကြိုတင်သတိ ပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း စသည့်ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြထားရှိရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အလှကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ KCL Perfume & Cosmetic   Online Shop ”အား Online  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၉.၁၂.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၄:၂၀)နာရီအချိန်ခန့် တွင် KCL Perfume & Cosmetic Online Shop မှ “အလှကုန်ပစ္စည်းများ ”အား အမှတ် (၅၂ ) ၊မြန်မာ့ဂုဏ်ရည်လမ်း၊ ဖို့မြေရပ်ကွက်၊  မင်္ဂလာတောင်ညွန့်မြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ အလှကုန်ပစ္စည်းများတွင် အမျိုးအမည်၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း စသည့်ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြထားထားရှိရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈)ရှိကုန်ညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် အလှကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မိုးစက်မေ Online Shop အား Online မှတ်ပုံတင်ထုတ်ပးခြင်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် (၉.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် အမှတ် (၄၀)၊ ၁၆၅လမ်း၊ တာမွေကြီးရပ်ကွက်၊ တာမွေမြို့နယ်သို့ မိုးစက်မေ  Online Shop မှ လူသုံးကုန် ပစ္စည်းများအား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက် (၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်ဝတ္တရားများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၇) ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့်ပတ်သက်၍ အသိပေးပြောကြားခဲ့ပြီး လူသုံးကုန်ပစ္စည်းများဖြစ်သည့်အတွက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံ စွာဖော်ပြထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Eternal Flame Colthing Online Shop အား   မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၉.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်ခန့်တွင် အမှတ် (၁၅)၊ သစ္စာလမ်း၊ တာမွေလေးရပ်ကွက်၊ တာမွေမြို့နယ်သို့ Eternal Flame Colthing  Online Shopမှ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများရောင်းချမှုအား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံး သူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အသိညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၌ပဲတီစိမ်းစိုက်တောင်သူများသို့ GAP/GHP သင်တန်းပို့ချလျက်ရှိ”

        ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ဥရောပသမဂ္ဂနိုင်ငံများသို့ Beans Sprouting အတွက် ပဲတီစိမ်းများစဉ်ဆက်မပြတ်တင်ပို့နိုင်ရေးအတွက်  စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပဲတီစိမ်းတင်ပို့သည့် ကုမ္ပဏီများစုပေါင်း၍ တောင်သူများသို့ GAP/GHP သင်တန်းများပို့ချခြင်းကို ၂၀၁၄ ခုနှစ်မှစတင်၍ နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီးယခုနှစ် (၂၀၂၅-၂၀၂၆)ပဲတီစိမ်းရာသီအတွက်ပဲစိုက်တောင်သူများသို့သင်တန်းပို့ချခြင်းအား ဒီဇင်ဘာလ (၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် သန်လျင်မြို့နယ်၊အ.ထ.က(၁)ကျောင်း၊ ရတနာရှင်းသန့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်၊၊

        အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်) ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းနှင့်ဝန်ထမ်းများ၊ နေပြည်တော်(ရုံးချုပ်) စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာခင်ခင်မာလာ မြင့်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာဝင်းသန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်အေးပွင့်ခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဦး၊ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်မြင့်မြင့်မော်၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့် ဝန်ထမ်းများ၊ New Golden Gaite ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရွှေတော်ဝင် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ပြည့်ဖြိုးအောင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်အတွင်းရှိ စစ်ပင်ကွင်း၊ သူဌေးကွင်း၊ မင်္ဂလွန်း၊ ငါးပြေမ၊ ဘော့သပြေကန်၊ ချောင်းစောက်ကျေးရွာ(၆)ရွာမှ တောင်သူဦးရေ (၁၄၅) ဦး တက် ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ကုမ္ပဏီများ၏ ကိုယ်စား New Golden Gaite ကုမ္ပဏီ၏  MD ဦးအုန်းဆိုင်မှ သန်လျင်မြို့နယ်ရှိ ပဲတီစိမ်းစိုက်ပျိုးမှုနှင့် ဈေးကွက် အခြေအနေများအား ပြောကြား ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက တက်ရောက်လာသော တောင်သူများအား သင်တန်းပို့ချပေးပြီး တောင်သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ပြီး ကျွမ်းကျင်ပညာရှင်များက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ တက်ရောက်လာသော တောင်သူများအား နေ့လည်စာဖြင့် တည်ခင်းကျွေးမွေးဧည့်ခံ၍ လက်ဆောင်များပေးပြီး အခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာအတွင်း လုပ်ငန်းရှင် ၂၈ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား ၁၄ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၇၈ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၄၈ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

         ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ် နှင့် ဂျပန် နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ နှမ်းနက်သိပ္ပံ၊ နှမ်းညို၊ နှမ်းဖြူ၊ ပြောင်းဖူးစေ့၊ အခွံချွတ်ပဲလွန်း၊ ပဲစဉ်းငုံဖြူ၊ ပဲတီစိမ်း၊ ဆန်လုံးညို တို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါရှိမှု၊ မှိုဆိပ် ပါရှိမှု၊ သီးနှံဓာတုအရည်အသွေးနှင့် သီးနှံရူပအရည်အသွေး စသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

          ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၆၄ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၁၉ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၂၄ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်း မှ ၂၂ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၁၉ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၁၄၈ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ

Pages

Subscribe to RSS - HighLight News